ကျောက်မဲတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေ - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, June 30, 2020

ကျောက်မဲတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နောက် ဒေသခံ ၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေလျက်ရှိသည်ဟု သိရသည်။
.

.
ပန်ကျင်ရွာတွင်း ဇွန်လ ၂၉ ရက်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ RCSS မှ ပစ်ခတ်ခြင်း မဟုတ်ကြောင်းနှင့် တပ်ဖွဲ့ဝင်များမှာ အဝေးတွင်သာ တည်ရှိနေကြောင်း RCSS/SSA မှ ဒုတိယဗိုလ်မှူးကြီး စိုင်းအုဏ်းခေးက ပြောသည်။
.
“ရွာထဲမှာ တပ်ဖွဲ့ဝင်တွေ မရှိဘူး။ အဝေးမှာ လက်နက်ကြီးအသံလောက်ပဲ ကြားရတဲ့နေရာမှာ ရှိနေတာ။ တပ်က ရွာတွင်းပစ်ထည့်တော့ ရွာသားတစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာရနဲ့ နောက်တစ်ယောက်က ခေါင်းထိတယ် ပြောတယ်” ဟု ၎င်းက ပြောသည်။
.
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က ဟဲကွီရွာတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနား ပြုလုပ်မည် ဖြစ် ကြောင်း ကျောက်မဲမြို့ရှိ ဆက်ဆံရေးရုံးတာဝန်ခံက ဇွန်လ ၂၄ ရက်တွင် တပ်မတော်သို့ အကြောင်းကြားစာ ပေးပို့ခဲ့ သော်လည်း ဇွန်လ ၂၅ ရက်တွင် တပ်မတော် စစ်ကြောင်းတစ်ခုနှင့် ၅ မိနစ်ခန့် ထိတွေ့မှု ဖြစ်ပွား ခဲ့သဖြင့် ကျောက်မဲ ဆက်ဆံရေးရုံးမှ တပ်ချင်းထိတွေ့မှု မဖြစ်စေရေး ညှိနှိုင်းစာ ထပ်မံပေးပို့ခဲ့ကြောင်း ၎င်း ထံက သိရသည်။
.
ထို့နောက် ဇွန်လ ၂၆ ရက်တွင် မူးယစ်ဆေးဝါး မီးရှို့ပွဲအခမ်းအနား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သော်လည်း ဇွန် ၂၇ ရက်တွင် တပ်မတော် စစ်ကြောင်းတစ်ခုနှင့် ခဏတာ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ဇွန်လ ၂၈ ရက်တွင် အင်အားဖြည့်တင်းလာသည့် တပ်မတော်စစ်ကြောင်းများနှင့် ၃ ကြိမ်မျှ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတို့ တပ်များ ပန်ကျင်ရွာ၏ အဝေးတွင်ရှိနေစဉ် ရွာတွင်းသို့ ပစ်ခတ်မှုများ ကြားသိရကာ ယနေ့ ဇွန်လ ၃ဝ ရက်တွင် နှစ်ဘက် ထိတွေ့မှု မရှိသေးကြောင်း ကျောက်မဲ တိုက်ပွဲရှောင်ကူညီရေးအဖွဲ့မှ ဦးသားဇော်က ပြောဆိုခဲ့သည်။
.
အဆိုပါ ထိတွေ့မှုများကြောင့် ဒေသခံများထဲမှ သေဆုံးသူ ၁ ဦးနှင့်ဒဏ်ရာရသူ ၂ ဦးရှိနေပြီး နမ့်ဖတ်၊ အက်ကြီး ဒေသခံ ရွာသား ၆၀ ဦး၊ နောင်ပိန်တိုက်နယ် မြို့လယ်အောင်ဓမ္မာရုံတွင် ရေဆန်၊ လွယ်စောင့်၊ ပန်ကျင်၊ လွယ်ပေါင်း၊ လွယ်ကုန်၊ ပိန်းနင်၊ မန့်မိုင်၊ ခေးနင်း၊ ဟဲကွီရွာများမှ ဒေသခံ ၃၇၇ ဦး စုစုပေါင်း ၅၀၀ ကျော်နှင့် ပန်လော့ တွင် ၂၃၀ ဦး ထွက် ပြေးတိမ်းရှောင်လာရာ တိုက်ပွဲရှောင် စုစုပေါင်း ၇၀၀ ခန့် ရှိနေပြီး ကျောက်မဲ တိုက်ပွဲရှောင်ကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဆရာဝန်ကြီးအပါအဝင် ဌာနဆိုင်ရာနှင့် နမ့်ခုံးရှမ်းများ၊ နယ်စည်းမခြား၊ နောင်ပိန်ကမ်းလင့်လက်များစသည့် လူမှုရေးအသင်းများမှလိုအပ်သည့် ရိက္ခာ များအပြင် ခြင်ထောင်၊ ဆေးဝါးနှင့် ငွေကြေးများသွားရောက်ထောက်ပံ့ကာ အားပေးစကားပြောဆိုခဲ့ကြ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)