ကလောတွင် ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောတွင် ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ခွန်သန်းအောင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ယနေ့ ဇွန်လ ၂၀ ရက်၊ နံနက်ပိုင်းက ကလောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးလွင်နှင့် ရဲတပ်ဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေဆိုင်ရာ အသိပညာပေး လကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.
 .
ထိုသို့ ဖြန့်ဝေရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အတူ ကလောမြို့မရဲစခန်းမှူး ဒုရဲမှူးလှနိုင်၊ အမှတ် (၁၁၇) ယာဉ် ထိန်းရဲ တပ်ဖွဲ့စု (ကလော)မှ ရဲအုပ်မျိုးလှိုင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့က ကလော တိုးလ်ဂိတ်အနီးတွင် မော်တော်ယာဉ် မောင်းနှင်သူများနှင့် မော်တော်ဆိုင် ကယ် မောင်းနှင်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဆောင်ရွက် မောင်းနှင်စေရေး ပြောကြားပြီး ၂၀၂၀ ပြည့်နှစ်၊ မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ အသိပညာပေး လက်ကမ်းစာစောင် ၂၅၀၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ စာအုပ် ၁၀၀ တို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ ရက်က ပြည်ထောင်စု လွှတ်တော်မှ ဥပဒေအမှတ် (၆/၂၀၂၀) ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေတွင် အခန်း ၁၅ ခန်း၊ ဥပဒေပုဒ်မ ၁၀၇ ခု ပါရှိကြောင်း သိရသည်။
.
အဆိုပါ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေအသစ်တွင် မော်တော်ဆိုင်ကယ်များ၌ မီးထွန်းမောင်းရန်၊ ရှေ့မီး အနိမ့်အား မီးထွန်းမောင်းရန်၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်း အသုံးမပြုရန် စသည့်အချက်မျာကို ပြဌာန်းထားကြောင်း သိရသည်။
.

Journal Download

Photo of three cats