ကလောတွင် ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောတွင် ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ အမှတ် (၅)ရပ်ကွက်တွင် ဇွန်လ ၈ ရက်၊ မွန်းလွဲပိုင်းက ထိန်းချုပ်ဓါတုပစ္စည်းများ ဖြစ်သည့် ဆိုဒီယမ်ဆိုင်ယာနိုက် ၂၅ ကီလိုဂရမ်ပါ ၇၂၀ အိတ်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
“မူးယစ်က ထိန်းချုပ်ဓါတုပစ္စည်းတွေ အနေနဲ့ မူးယစ်ပုဒ်မနဲ့ ဖမ်းတာပါ” ဟု ကလောမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး လှနိုင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မူးယစ်တပ်ဖွဲ့စု (၂၅) မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ကလောမြို့၊ မြို့မဘုန်းကြီးကျောင်းအနီးတွင် ရပ်တန့်ထားသည့် ကုန်တင်ယာဉ် ၄ စီးအား စစ်ဆေးရှာဖွေရာ GEO အာရှကမ္ဘာမြေ သတ္တုတူးဖော်ရေးနှင့် စက်မှုလုပ်ငန်းမှ အဝယ်တာဝန်ခံ ဦးကျော်မင်းနှင့်အတူ ယာဉ်မောင်း နေလင်းမောင် (ခ) မောင်မောင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကျော်သန်း လိုက်ပါလာသည့် ၁၂ ဘီးယာဉ်ပေါ်မှ ယာဉ်မောင်း အောင်ကြည်ဖြိုး မောင်းနှင်သည့် ယာဉ်ပေါ်သို့ ပြောင်းရွှေ့နေသည့် တစ်အိတ်လျှင် ၂၅ ကီလိုဂရမ်ပါ ဆိုဒီယမ်ဆိုင်ယာနိုက် ၄၀၀ အိတ်၊ အလေးချိန် ၁၀၀၀၀ ကီလိုဂရမ်ခန့်၊ ယာဉ်မောင်း ဇော်မြင့်မောင် မောင်းနှင်သည့် ကုန်တင်ယာဉ်ပေါ်မှ ယာဉ်မောင်း စိုးမြင့်လှိုင် မောင်းနှင်သည့် ကုန်တင်ယာဉ်ပေါ်သို့ ရွှေ့ပြောင်းတင်ဆောင် နေသည့် ဆိုဒီယမ်ဆိုင်ယာနိုက် ၃၂ အိတ်၊ အလေးချိန် ၈၀၀၀ ကီလိုဂရမ်ခန့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ နေလင်းမောင် (ခ) မောင်မောင် ပါ ၇ ဦးတို့ကို ဇွန် ၉ ရက်၊ ညပိုင်းက ကလောမြို့မရဲစခန်းတွင် မယ(ပ) ၁၉/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၆(ခ)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats