ကွမ်းလုံမြို့နယ်တွင် ကျပ်သိန်းပေါင်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကွမ်းလုံမြို့နယ်တွင် ကျပ်သိန်းပေါင်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

မင်းဇော်မင်း

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်တွင် ဇွန်လ ၁၄ ရက်၊ ညပိုင်းက ကျပ်သိန်းပေါင်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၄ ရက်၊ ည ၉ နာရီ အချိန်က သက်သေများနှင့်အတူ ကွမ်းလုံမြို့နယ်၊ ကွမ်းလုံ-ချင်းရွှေဟော်သွား ကားလမ်းပေါ်တွင် စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် ကွမ်းလုံမြို့နယ်၊ ကျုံကျိုင်းကျေးရွာနေ ကျိန်ရှောက်ချွင် (၃၁ နှစ်) စီးနင်းမောင်းနှင်လာသည့် မော်တော် ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၉၅၀၀၀ ပြားဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် သိန်းပေါင်း ၄၄၂၅ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကွမ်းလုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats