ကာလိတွင် ရှမ်းတိုင်းရင်းဆေးကုဆရာအား ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွား - Kanbawza Tai News

Breaking

Saturday, June 20, 2020

ကာလိတွင် ရှမ်းတိုင်းရင်းဆေးကုဆရာအား ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွား

စိုင်းဝင်းကျော်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ အမှတ် (၅) ရပ်ကွက်နေ ရှမ်း တိုင်းရင်းဆေးကု ဆရာ ဦးဖောကအား ဆေးကုသမှု ခံယူနေသူတစ်ဦးက ယနေ့ ဇွန်လ ၂၀ ရက်၊ နံနက်အစော ပိုင်းတွင် ၎င်း၏ဇနီးနှင့် ဖောက်ပြန်နေသည်ဟု ထင်မှတ်ကာ ဓါးဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
.
 .
တိုင်းရင်းဆေးဆရာ ဦးဖောက၏ နေအိမ်တွင် စိတ်ရောဂါဖြင့် လာရောက်ဆေးကုသမှု ခံယူနေသော မိုင်းစံ မြို့၊ ဟိုပုံ ကျေးရွာနေ စိုင်းစိန္တာ (၄၅ နှစ်) သည် ဇွန်လ ၂၀ ရက်၊ နံနက် ၂ နာရီအချိန်ခန့်က ဦးဖောက၏ နေအိမ် အောက်တွင် ဆဲဆိုပြီးနောက် နေအိမ်အပေါ်သို့ တက်လာကာ ဇနီးနှင့်အတူ အိပ်နေသည့် ဦးဖောကအား သစ်သားရိုးတပ် အရိုးအသွား ၁၈ လက်မခန့်ရှိ ဓါးချွန်ဖြင့် ထိုးခဲ့သဖြင့် ဦးဖောကတွင် ရင်ခေါင်းဓါးဒဏ်ရာ များဖြင့် အူမများထွက်လျက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် စိုင်းစိန္တသည် နေအိမ်အောက်သို့ ဆင်းလာကာ ဦးဖောကအား ထိုးသတ်ခဲ့သည့်ဓါးဖြင့် မိမိကိုယ်ကို ပြန်ထိုး ခဲ့ရာ ဝမ်းဗိုက်အလယ်တွင် ၁ လက်မခန့် ဓါးဒဏ်ရာရရှိပြီး သွေးထွက်နေသဖြင့် ဆေးရုံသို့ပို့ဆောင် ကာ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
.
ဓါးဖြင့်ထိုးသူ စိုင်းစိန္တအား စစ်ဆေးမေးမြန်းချက်အရ သေဆုံးသူ ဦးဖောကသည် စိုင်းစိန္တ၏ ဦးလေး တော်စပ်သူဖြစ်ကာ ၎င်း၏ဇနီးနှင့် ဖောက်ပြန်နေသည်ဟု ထင်မှား၍ ဓါးဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ၎င်းအား ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)