ခိုလမ်ရှိ တပ်သိမ်းမြေအတွင်း တရားစွဲဆိုခံရသူများအနက် တစ်ဦးကို တရားခံပြေးအဖြစ် ကြေညာ - Kanbawza Tai News

Breaking

Wednesday, June 24, 2020

ခိုလမ်ရှိ တပ်သိမ်းမြေအတွင်း တရားစွဲဆိုခံရသူများအနက် တစ်ဦးကို တရားခံပြေးအဖြစ် ကြေညာ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန် မြို့နယ်၊ ခိုလမ်မြို့တွင် တပ်သိမ်းမြေ အတွင်း ကျူးကျော် စိုက်ပျိုးသည်ဟု ဆိုကာ တရားစွဲဆိုခံရသူ တောင်သူ ၄၇ ဦးအနက် တစ်ဦးမှာ အစည်းအ ဝေးများသို့ တက်ရောက်ခြင်းမရှိဘဲ ပြဿနာ ဖြစ်ပွားနေသည်ကို မသိရှိ သဖြင့် တရားရုံး ရုံးချိန်းသို့ မလာ ရောက်ခဲ့သူကို  တရားခံပြေးအဖြစ် ကြေညာခဲ့သည်ဟု သိရသည်။
.
.
“အစည်းအဝေးတွေမှာ သူ့အမျိုး သမီးပဲ တက်တာပါ။ သူ့ကို အိမ် ထောင်ဦးစီးဆိုပြီး နာမည်ထည့်ထား တော့ တရားစွဲ ခံရတဲ့ထဲမှာ သူ့နာမည် ပါတာပေါ့။ သူက COVID-19 မတိုင် ခင်ကတည်းက တရုတ်နယ်စပ်မှာ သွားပြီးအလုပ် လုပ်နေတော့ ဘာမှ မသိဘူး။ တရားရုံးကခေါ်တော့ သူမရှိကြောင်း ထောက်ခံချက် ရေးပေး လိုက်တာမှာ တရားခံပြေး အနေနဲ့ သတ်မှတ်ခံရတာပါ”ဟု ခိုလမ်မြို့၊ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတီလေးက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
တရားခံပြေးအဖြစ် ကြေညာခံရ သူမှာ ခိုလမ်မြို့၊ အမှတ် (၃) ရပ်ကွက် နေ ဦးဘောလေ (၅၀ နှစ်) ဆိုသူဖြစ် ပြီး ၎င်းအနေဖြင့် တရားစွဲဆိုခံထားရသည်ကို မသိရှိသဖြင့် တရားရုံးသို့ မလာရောက်သည့်အပေါ် တရားခံပြေး အဖြစ် သတ်မှတ်ကြေညာ ခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။
.
“ကျွန်တော်တို့ ခိုလမ်ကနေ နမ့်စန်ကို လူအများကြီး သွားရတာမှာ ကုန်ကျ စရိတ်ကလည်း များတယ်။ အလုပ်အကိုင်လည်း ပျက်တယ်။ ဦး ဘောလေကို ရအောင် ဆက်သွယ်ပြီး ခေါ်ဖို့ သူ့မိန်းမကို ပြောထားတယ်။ တရားရုံးကိုလည်း လူအများကြီး မ သွားဘဲ ပြောဆိုတတ်တဲ့ ၄/၅ ဦးပဲ သွားနိုင်ဖို့ ရှေ့နေကို ပြောထားတယ်” ဟု တရားစွဲဆိုခံရသူ တောင်သူ ကိုရိုဆန်းက ပြောသည်။
            .
 ခိုလမ်မြို့သို့ ပြောင်း ရွှေ့သွားသည့် ခလရ(၆၆)၏ တပ် သိမ်းမြေအတွင်း ကျူးကျော် စိုက်ပျိုး သည်ဟုဆိုကာ တောင်သူ ၄၇ ဦးကို နမ့်စန်မြို့နယ် တရားရုံးတွင် တပ်မှ တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိ ရသည်။
.
၂၀၁၅ တွင်မှ ခိုလမ်မြို့သို့ ပြောင်းရွှေ့ လာသည့် ခလရ(၆၆)အနေဖြင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ယင်းအချိန်က တာဝန် ထမ်းဆောင်ခဲ့သည့် တပ်ရင်းမှူးမှ မြေဧက ၂၃၅၅ ဒသမ ၃၃ ဧက အား ပြန်လည် စွန့်လွှတ်ပြီး ဖြစ်ကြောင်း တောင်သူများထံ ထောက်ခံစာပေး ပို့ ခဲ့သော်လည်း ယင်း ထောက်ခံစာမှာ အကျုံးမဝင်ဟု ဆိုကာ ယင်းမြေနှင့် ပတ်သက်သည့် အစည်းအဝေးများကို ၄ ကြိမ်တိုင်ပြုလုပ်ခဲ့ပြီး တပ်သိမ်း မြေအဖြစ် သဘောတူလက်မှတ်ရေးထိုးမှု မပြုခဲ့သည့် တောင်သူများကို အစည်းအဝေး တက်သည့် လူစာရင်း အတိုင်း ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် ဇွန်လ ၉ ရက်၌ နမ့်စန်မြို့ နယ်တရာရုံးတွင် တရားစွဲတင်ခံခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းမြေနှင့် ပတ်သက်၍ တောင် သူများ တရားရုံးသို့ သွားရောက်နေ သည့် ဇွန်လ ၁၈ ရက်တွင် တောင်သူ များ စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းများအတွင်း တပ်မှ နှစ်ရှည် ပင်များကို အတန်းလိုက် ၃ တန်း လာ ရောက်စိုက်ပျိုးခဲ့သည်ကို သိရှိ ရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် တောင်သူများမှ မြို့အုပ်ချုပ်ရေးမှူး ထံသို့ တင်ပြထားကြောင်း သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)