မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ သုဿာန်တွင် ယနေ့
ဇွန်လ ၂၃ ရက်၊ နံနက်ပိုင်းက (၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ
မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်
ဖမ်းဆီး ရမိ ထားသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ဓါတုပစ္စည်း တန်ဖိုး ၃ ဒသမ ၃၈ ဘီလျံကျော်အား
မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။
.
.
“ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးအုပ်စု၊ လွယ်ခန်ရွာမှာမိတဲ့ မူးယစ်ဆေးဝါးနဲ့
ဓာတုပစ္စည်းတွေပါ၊ မူးယစ်ဆေးဝါး အပြင် မော်တော်ယာဉ် ၂၁ စီး၊ မော်တော်ဆိုင်ကယ် ၁
စီး၊ လက်နက်မျိုးစုံ ၈၆ လက်၊ ခဲယမ်းမျိုးစုံ ၁၅၄၁၂ ခု ပါပါတယ်” ဟု မူဆယ်ခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး
အောင်ထိန်လင်း က ပြောသည်။
အဆိုပါ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ကွတ်ခိုင်မြို့နယ်၊
ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန် ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၀ ရက်မှ မေလ
၁ ရက်အတွင်း ပူးပေါင်းအဖွဲ့က ရှာဖွေရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားသို့ ပြည်ထဲရေးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ်အောင်ဇော်အေး၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် နှင့်
ဌာနဆိုင်ရာများ၊ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
.
No comments:
Post a Comment