အင်းလေးကန် ထိန်းသိမ်းရေးအတွက် လက်ကမ်း စာစောင်များ ဖြန့်ဝေသွားမည် - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, June 25, 2020

အင်းလေးကန် ထိန်းသိမ်းရေးအတွက် လက်ကမ်း စာစောင်များ ဖြန့်ဝေသွားမည်

စုလှိုင်
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်း လေးကန် ရေရှည် တည်တံ့ခိုင်မြဲရေး အတွက် အင်းလေးကန် ရေဝေရေလဲ ဧရိယာအတွင်း ပါဝင်သော မြို့နယ် များတွင် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
 
.
အဓိက ကတော့ အင်းလေးကန် ထိန်းသိမ်းရေးမှာ အားလုံးပါမှ ရမှာပါ။ အရင်ကတော့ အားလုံးပါဝင်အောင် စည်းရုံးဟောပြောမှုတွေ ကွင်းဆင်း လုပ်တာ ရှိတယ်။ အခု COVID-19 ကန့်သတ်ချက်နဲ့ဆိုတော့ ကွင်းဆင်း စည်းရုံးဟောပြောမှုတွေ ရပ်နားထားတယ်။ ဒါကြောင့် သူတို့အလွယ်တကူ သိနိုင်အောင် လက်ကမ်း စာစောင် ဝေတာတွေ၊ ပိုစတာ စိုက်ထူတာတွေ ဆက်လုပ်သွားဖို့ရှိတယ်” ဟု ရှမ်းပြည် နယ်သစ်တော ဦးစီး ဌာနမှ ညွှန်ကြား ရေးမှူး ဦးခင်မောင်ဝင်းက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
လက်ရှိတွင် COVID-19 ကပ်ရော ဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအ တွက် လူစုလူဝေး မပြုလုပ်ရန် ရှမ်း ပြည်နယ်အစိုးရမှ တားမြစ်ထားသော ကြောင့် သစ်တောဦးစီးဌာန အနေ ဖြင့် စည်းရုံး ဟောပြောမှုများကို ရပ် နားထားပြီး လက်ကမ်းစာစောင် ၁၀၀၀ ကို အင်းလေးကန် ရေဝေရေလဲ ဒေသများတွင် ဖြန့်ဝေပေးသွား မည် ဖြစ်ကြောင်း သိရသည်။
.
အင်းလေးကန်သည်  ရှမ်းပြည် နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အတွင်း တည်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယ မြောက် အကြီးဆုံး ကုန်းတွင်း ပိတ် ရေကန် တစ်ခု ဖြစ်ကာ တောင် နှင့် မြောက် သွယ်တန်းနေသော တောင်တန်းကြီး ၂ ခု အကြား ခွက် ဝင် နေသော ညောင်ရွှေချိုင့်ဝှမ်း၏ အလယ် အနက်ရှိုင်းဆုံး နေရာတွင် တည်ရှိကာ ဇီဝမျိုးစုံ မျိုးကွဲများ ခိုလှုံ ရာ နေရာ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)