စွမ်းအား ကြီးမားသည့် အိန္ဒိယ လက်နက်များ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စွမ်းအား ကြီးမားသည့် အိန္ဒိယ လက်နက်များ

စိုင်းကွမ်းမိုင်း

.

အကယ်၍သာ အိန္ဒိယနှင့် ပါကစ္စတန်တို့ စစ်မက်ဖြစ်ပွားခဲ့ မည်ဆိုလျှင် မြေပြင်စစ်ပွဲကို အကန့်အသတ်ဖြင့် တိုက်ခိုက်မည် ဖြစ်ပြီး ပင်လယ်ပြင်နှင့် လေကြောင်းတိုက်ပွဲများ၌ကား အပြည့် စုံဆုံးသော အဆင့်မြင့် တိုက်ခိုက်သွားမည်ဖြစ်သည်။ အိန္ဒိယ တွင် ပင်လယ်ပြင်နှင့် လေကြောင်းတိုက်ခိုက်ရေး အတွက် အ ထက်ဆီး၌ ရှိနေပြီး အထူးသဖြင့် ပင်လယ်ပြင်တွင် ပါကစ္စတန် ဆိပ်ကမ်းများအား ပိတ်ဆို့တိုက်ခိုက်နိုင်စွမ်း ရှိသည်။ ပါကစ္စ တန်နိုင်ငံသည် ပြည်တွင်းသုံး ရေနံကို ပြည်ပမှ ၈၀ ရာခိုင်နှုန်းထိ  ကို တင်သွင်းနေရသောကြောင့် စစ်ပွဲဖြစ်ပွားလာပါက စွမ်းအင် ချို့တဲ့မှုဖြင့် ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့် အိန္ဒိယနှင့် ပါကစ္စ တန်ဖြစ်လျှင် အိန္ဒိယမှ ထုတ်သုံးသွားမည့် တိုက်ခိုက်ရေး လက် နက် ၅ မျိုးသည် အဓိကအကျဆုံး နေရာမှပါဝင်နေသည်ကို တွေ့ရှိရသည်။ ယင်းတို့သည်ကား

.

အိန္ဒိယ လေယာဉ်တင် သင်္ဘော

အိန္ဒိယရေတပ်တွင် INS Vikramaditya အမည်ရှိ လေ ယာဉ်တင် သင်္ဘောကြီးကို စစ်အတွင်း အသုံးပြုသွားမည်ဖြစ် သည်။ အခြားသော သင်္ဘောများထက် ပိုမိုသစ်လွင် ဆန်းသစ် ကာ ခေတ်မီမှုများဖြင့် ပြည့်စုံပြီး သေသပ်သည့် အနေအထား တွင် ရှိနေသည်။ စစ်ကာလအတွင်း ပါကစ္စတန် ရေတပ်အား လျှပ်တစ်ပြက်အတွင်း ခြေမှုန်းနိုင်ရန်အတွက် ထိုသင်္ဘောကြီး အား ရုရှားထံမှ ဝယ်ယူထားခြင်းဖြစ်သည်။ ပါကစ္စတန်၏ အ ကြီးမားဆုံး ထိပ်တန်းဖြစ်သည့် ကရာချိကမ်းခြေအလွန်တွင် Vikramaditya လေယာဉ်တင် သင်္ဘောကြီးဖြင့် ပိတ်ဆို့တိုက် ခိုက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

.

မူလက ယင်းလေယာဉ်တင် သင်္ဘောကြီးသည် ဆိုဗီယက် ရေတပ်အတွက် မူလထုတ်လုပ်သည့် ရေငုပ်သင်္ဘော တိုက်ခိုက် ရေး ခရုဇာ စစ်သင်္ဘော ဘာကူပင်ဖြစ်သည်။ ထိုလေယာဉ်တင် သင်္ဘောကို စစ်အေးကာလ အလွန်တွင် ရုရှားတို့မှ အသုံးပြုနိုင် စွမ်း မရှိတော့သဖြင့် ၁၉၉၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ရောင်းချ ရန် စီစဉ်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုလေယာဉ်တင် သင်္ဘော ကြီးကို အိန္ဒိယနိုင်ငံမှ ဝယ်ယူခဲ့ပြီး ရုရှားသင်္ဘော တည်ဆောက် ရေး ကျွမ်းကျင်သူများက လေယာဉ်တင် သင်္ဘောကြီးအဖြစ် ပြန်လည်ပြုပြင် ဖန်တီးပေးခဲ့ခြင်း ပင်ဖြစ်သည်။ ထိုလေယာဉ် တင် သင်္ဘောကြီးပေါ်တွင် 100 milimeter အမြောက် ၂ လက်၊ ရေပြင်မှ ဝေဟင်ပစ်ဒုံးကျည် ၈ စင်းနှင့် သင်္ဘောဖြိုခွင်းရေး ဒုံး ကျည် ၁၂ စင်း တပ်ဆင်ထားသည်။

.

Vikramaditya လေယာဉ်တင် သင်္ဘောကြီးသည် ၂၈၂ မီ တာ ရှည်လျားပြီး အလေးချိန်တန် ၄၄၀၀ ရှိသည်။ အမေရိကန် တို့၏ လေယာဉ်တင် သင်္ဘော အောက်ထက်ဝက်ခန့် ငယ်သော် လည်း လေကြောင်းစိုးမိုးရေးအတွက် သင်္ဘောပေါ်တွင် အင် အားကောင်းမွန်သည့် လေယာဉ်များကို တင်ဆောင်ထားနိုင် သည်။ ထိုသို့ တင်ဆောင်ထားခြင်းဖြင့် မြေပြင်တိုက်ခိုက်ရေး၊ ရေပေါ်သွား သင်္ဘော တိုက်ခိုက်ရေးနှင့် ရေငုပ်သင်္ဘောတိုက် ခိုက်ရေး လုပ်ငန်းစဉ်များကို သင်္ဘောပေါ်ရှိ လေယာဉ်များဖြင့် ပြုလုပ်သွားမည် ဖြစ်သည်။ Vikramaditya သင်္ဘောပေါ်တွင် ဆိုဗီယက်လုပ် မစ် တိုက်ခိုက်ရေး လေယာဉ် ၂၄ စီး သို့မဟုတ် Tjet အမည်ရှိ ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်များနှင့် ရေ ငုပ်သင်္ဘော ခွင်းရေး ရဟတ်ယာဉ် ၁၀ စီး တင်ဆောင်ထားသည်။ ထို့ပြင် ထိုသင်္ဘောအတွက် ထပ်မံ၍ လေယာဉ် ၄၂ စီး မှာယူ ထားပြီး ဖြစ်သည်။

.


ရေငုပ် သင်္ဘောများ

အိန္ဒိယရေတပ်တွင် INS Chakara အမည်ရှိ တိုက်ခိုက်ရေး ရေငုပ်များကို ပိုင်ဆိုင်ထားသည်။ Vikramaditya လေယာဉ်တင် သင်္ဘောသည် ပါကစ္စတန်ရေတပ်အား ပိတ်ဆို့ရန် မြင်သာသည့် လက္ခဏာ ရှိနေသော်လည်း အမှန်တကယ်အားဖြင့် ဘေးမှ ဝိုင်း ဝန်းတိုက်ခိုက်ပေးမည့် အိန္ဒိယ ရေငုပ်သင်္ဘော ၁၄ စီးက အ ဆင်သင့် ရှိပြီးဖြစ်သည်။ ယင်းတို့အနက် INS Chakara သည် အင်အား အကြီးဆုံးပင် ဖြစ်သည်။ ထိုရေငုပ်သင်္ဘောသည် နျူ ကလီးယား စွမ်းအင်ဖြင့် မောင်းနှင်တိုက်ခိုက်ရေး သင်္ဘောဖြစ် သည်။ ယင်း INS Chakara သင်္ဘောသည် စစ်ဖြစ်နေစဉ်တွင် တိုက်ခိုက်ရေးအတွက် လုပ်ငန်းမျိုးစုံကို လုပ်ဆောင်ပေးသည့် စွမ်းရည်ရှိသည်။ သို့ဖြစ်၍ ပါကစ္စတန် ရေတပ်ရှိ ဖရီးဂိတ် စစ် သင်္ဘော ၁၁ စီးနှင့် ရေငုပ်သင်္ဘော ၈ စီးအား ကောင်းစွာ အန္တ ရာယ်ပေးနိုင်သည့် အိန္ဒိယ၏ Chakara ရေငုပ်သင်္ဘော ဖြစ် သည်။ ထိုရေငုပ် သင်္ဘောပေါ်မှ နေ၍ ပါကစ္စတန်ရေပြင်၌ ရေ မြှုပ်ဗုံး မိုင်းများကို လျှို့ဝှက်စွာ ချထားနိုင်ပြီး ပိတ်ဆို့ တိုက်ခိုက် ရေးတွင် အထောက်အကူပြု ထောက်ပံ့နိုင်ရန် သဘောတူညီခဲ့ သည်။ ထိုအတွက် ရန်ပုံငွေသည် ဒေါ်လာ သန်း ၉၀၀ ဖြစ်ပြီး ၁၀ နှစ်တာ ငှားရမ်းပြီးလျှင် ထိုသင်္ဘောကို ဝယ်ယူရန် သဘော တူညီချက် လက်မှတ်ရေးထိုး ထားသည်။ ယင်းရေငုပ်သင်္ဘော ကို ရုရှားမှ အိန္ဒိယရေတပ်သို့ ၂၀၁၀ ခုနှစ်တွင် လွှဲပြောင်းပေး ရန် ရှိနေခဲ့သော်လည်း ၂၀၀၈ မတော်တဆမှုကြောင့် ရုရှားတပ် သား ၂၀ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ရေငုပ် သင်္ဘော လွှဲပြောင်းရေးသည် နှောင့်နှေးကြန့်ကြာ ခဲ့ရသည်။ Chakara ရေငုပ် သင်္ဘောသည် တန် ၈၀၀၀ လေးပြီး အမေရိကန်သုံး နျူကလီးယား ရေငုပ်သင်္ဘောခန့် ကြီးမားသည်။ အမြန်နှုန်းရေ မိုင် ၃၀ ထိ ခုတ်မောင်းနိုင်ပြီး မီတာ ၅၂၀ ငုပ်လျှိုးနိုင်သည်။ ရေ ငုပ်သင်္ဘော ဦးပိုင်းတွင် ကြီးမားသည့် ဆိုနာဝါအောက် ဆက် သွယ်ရေး လိုင်းတပ်ဆင်ထားသည် သာမက ကုန်းပတ်ပေါ်တွင် လည်း ခုခံရေးနှင့် တိုက်ခိုက်ရေးအတွက် ဆက်သွယ်ရေး အ ခင်း အကျင်းများ ပြုလုပ်ထားသည်။

.

တပ်ဆင်ထားသည့် လက်နက်များ

INS Chakara ရေငုပ်သင်္ဘောတွင် ၅၃၃ မီလီမီတာ အချင်း ရှိသည့် မှန်ဘီလူးကိုလည်း တပ်ဆင်ထားသည်။ ထို့ပြင် ၄၈၃ မီလီမီတာ အချင်းရှိ တော်ပီဒို ပစ်ပြွန် ၄ ခုတပ်ဆင်ထားသည် သာမက ၆၅၀ မီလီမီတာ အချင်းရှိ တော်ပီဒိုပစ် ပြွန် ၄ ခုကို လည်း တပ်ဆင်ထားသည်။ အမြန်နှုန်းမြင့် သွားနိုင်သော တော် ပီဒိုများသည် ၁၅ ကီလိုမီတာ အကွာအဝေးသို့ ရေမိုင် ၂၂၀ နှုန်း ဖြင့် သွားနိုင်သည်။ ထို့ပြင် သင်္ဘောပစ် ဒုံးကျည် ၃ စင်းကို  လည်း တပ်ဆင်ထားသည်။ ရေငုပ်သင်္ဘောပေါ်တွင် တော်ပီဒို ပစ် ပြွန် ၄၉ ခုဖြင့် လက်နက်များကို ပစ်ခတ်နိုင်ရန် စီစဉ်ထား သည်။ ထိုအစီအစဉ်ထဲတွင် ရေမြှုပ်မိုင်းများ ချထားရန်လည်း ပါဝင်သည်။ ရေငုပ်သင်္ဘော ကာကွယ်ရေး ရည်ရွယ်ချက်အ တွက် ပြင်ပကိုယ်ထည်တွင် တပ်ဆင်ထားသော ပြွန် ၆ ခုရှိပြီး ထိုပြွန် ၆ ခုမှနေ၍ တော်ပီဒို ၂ လုံးစီကို တစ်ပြိုင်နက်တည်း ပစ် ခတ်နိုင်သည်။ ရုရှား သင်္ဘောတည်ဆောက်ရေး ကျွမ်းကျင်သူ များနှင့် သဘောတူညီထားချက်အရ Chakara တွင် နျူကလီး ယား လက်နက်များ တပ်ဆင်ထားခြင်း မရှိပေ။

.

အပါချီ ရဟတ်ယာဉ်များ

သူပုန် တန်ပြန် စစ်ဆင်ရေးများ အတွက် အပူစွမ်းအင်နှင့် ထောက်လှမ်းသည့် အာရုံခံ ကိရိယာများဖြင့် မြေပြင်၌ အကာ အကွယ်ယူထားသော ပစ်မှတ်များတို့ကို တိုက်ခိုက်နိုင်စွမ်းရှိ သည်။ ထို့အပြင် ရဟတ်ယာဉ်၏ ပြင်ပနေရာ ၄ ခုတွင်လည်း ဟယ်ဖိုင်းယား ဒုံးကျည်များ တပ်ဆင်ထားသည်။ ထို့ပြင် ၃၀ မီ လီမီတာ အမြောက်ကလည်း အပေါ့စား သံချပ်ကာ ကားများ အား တိုက်ခိုက်နိုင်စွမ်းရှိပြီး အပျော့စား ပစ်မှတ်များကိုလည်း ဖြိုခွင်းနိုင်စွမ်းရှိသည်။ ၂၀၁၂ ခုနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ ကန်ထရိုက်စာချုပ်အရ အိန္ဒိယနိုင်ငံသည် အမေရိကန်ထံမှ အပါချီရဟတ်ယာဉ် ၂၂ စီး ဝယ်ယူရန် သဘောတူ လက်မှတ်ရေးထိုး ထားခဲ့သေးသည်။ တင့်ကားများ နှင့် သံချပ်ကာ ကားများကို တိုက်ခိုက်ရန် လေဆာ ပဲ့ထိန်းပါ ဟယ်ဖိုင်းယား ဒုံးကျည် ၈၁၂ စင်း ဝယ်ယူရန်လည်း ထိုစာချုပ်၌ ပါဝင်သည်ကို တွေ့ရှိရသည်။ ပခုံးထမ်း Block one ဒုံးကျည် ၂၄၅ စင်းကိုလည်း ရဟတ်ယာဉ်၌ တပ်ဆင်ထားသဖြင့် ဝေဟင် မှ ပစ်ခွင်းနိုင်စွမ်းရှိသည်။

.


တိုက်လေယာဉ်များ

ပါကစ္စတန် အပေါ်ရေကြောင်း စိုးမိုးမှု ရရှိနိုင်ရန် အတွက် အိန္ဒိယ လေတပ်မှ Su 30 MKT တိုက်လေယာဉ် များကိုလည်း ဝယ်ယူထားသည်။ ထိုလေယာဉ်မျိုးသည် အိန္ဒိယလေတပ်၌ အ စင်း ၂၀၀ ထိ ရှိနေပြီး ၇၂ စီးကိုလည်း ထပ်မံမှာယူထားသည်။ တာဝေးသွား အင်ဂျင် ၂ လုံးတပ် တိုက်ခိုက်ရေး လေယာဉ်များ တွင် အင်အားကြီးမားသည့် ရေဒါများ တပ်ဆင်ထားသဖြင့် အိန္ဒိ ယလေတပ်အတွက် အဓိက အားထားရာ လေယာဉ်များလည်း ဖြစ်သည်။

.

တိုက်ခိုက်ရေး စွမ်းရည်

Su 30 MKT လေယာဉ်များတွင် အမာခံ ၁၂ ခု၌ လက်နက် များ အာရုံခံ ကိရိယာများနှင့် လောင်စာကန်များ တပ်ဆင်ထား သည်။ ပါကစ္စတန် လေတပ်တွင်ရှိသော မည်သည့်တိုက်ခိုက် ရေး လေယာဉ်မဆို Su 30 MKT တိုက်လေယာဉ်များက အပေါ် စီးမှ တိုက်ခိုက်နိုင်သည်။ ပါကစ္စတန် နိုင်ငံ၌ ရှိသော F 16 တိုက် လေယာဉ် ၁၈ စီးကိုမူ အိန္ဒိယ တိုက်လေယာဉ်များက စိုးမိုးနိုင် စွမ်း မရှိပေ။ ထို့အပြင် အိန္ဒိယတပ် တိုက်လေယာဉ်များ တပ်ဖွဲ့ သည် မဟာဗျူဟာ စောင့်ကြည့် ထောက်လှမ်းရေး လုပ်ငန်းအ တွက် ပြုပြင်မွမ်းမံထားပြီး အစ္စရေးနိုင်ငံလုပ် အာရုံခံ ကိရိယာ များ တပ်ဆင်ထားသဖြင့် အိန္ဒိယလေတပ် အဖွဲ့အတွက် ပါကစ္စ တန်နှင့် တရုတ်နိုင်ငံများ အတွင်းသို့ ကီလိုမီတာ ၃၅၀ ထိတိုင် ထောက်လှမ်းနိုင်သည်။

.

နျူကလီးယား လက်နက်များ

အိန္ဒိယနိုင်ငံသည် ၁၉၇၄ ခုနှစ်တွင် ပထမဆုံး နျူကလီးယား ဗုံးတစ်လုံးကို စတင်စမ်းသပ်ခဲ့သည်။ အိန္ဒိယနိုင်ငံရှိ နျူကလီး ယားလက်နက် အရေအတွက်ကို အိန္ဒိယ အစိုးရမှ အစဉ်အမြဲ နှုတ်ပိတ်လျက်ရှိပြီး အိန္ဒိယနိုင်ငံ၌ နျူကလီးယား လက်နက်အ ရေအတွက် မည်မျှထိရှိကြောင်းကို တစ်ဦးတစ်ယောက်မျှ သိရှိ ခြင်း မရှိကြသေးပေ။ သို့ရာတွင် ခန့်မှန်းခြေအားဖြင့် နျူကလီး ယားလက်နက် ၉၀ မှ ၁၃၀ ထိရှိကြောင်းသာ လူအများမှ အ ကြမ်းဖျင်း သိရှိထားခြင်း ရှိသည်။ ထိုလက်နက်များသည် ကီလို တန် ၂၀၀ မျှ ပေါက်ကွဲအားရှိပြီး ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ် သို့ ကြဲချခဲ့သည့် အဏုမြူဗုံးထက် ဖျက်ဆီးနိုင်စွမ်းအား ၁၀ ဆ ပိုမိုသည်ဟု ဆိုသည်။ တိုက်ခိုက်ရေး လေယာဉ်များဖြစ်သည့် Jeguar ထိုမှတစ်ဖန် MIG 27 နှင့် Mirage 200 တိုက်လေယာဉ် များတွင် နျူကလီးယား လက်နက်တပ်ဆင်နိုင်ရန် စီစဉ်ထား သည်။ နျူကလီးယား လက်နက်များ တပ်ဆင်ထားသော အိန္ဒိ ယလေယာဉ်များသည် ပါကစ္စတန် လေကြောင်းကာကွယ်ရေး ကွန်ရက်ကို တိုက်ခိုက်နိုင်စွမ်းရှိပြီး ပါကစ္စတန် မြေပြင် အခြေ စိုက် ဒုံးကျည်များကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိသည်။ အိန္ဒိယ နိုင်ငံပိုင် Su 30 MKT တိုက်လေယာဉ်များတွင် နျူကလီးယား လက်နက်များ တပ်ဆင်ထားခြင်း ရှိမရှိ မသိရသော်လည်း ထို လေယာဉ်များသည် ကိုယ်ပျောက်နိုင်စွမ်း မရှိသော်လည်း ပါကစ္စတန် လေကြောင်း ကာကွယ်ရေး ဇုန်အတွင်းသို့ ထိုး ဖောက် ဝင်ရောက်နိုင်စွမ်းကမူ Mirage 200 တိုက်လေယာဉ် များနှင့် တူညီမှု ရှိမည်မဟုတ်ပေ။

.

အိန္ဒိယ နျူကလီးယား လက်နက်များကို မဟာဗျူဟာ လက်နက်များ ကွပ်ကဲရေး ဌာနချုပ်၏ အမိန့်အာဏာအောက် တွင် ထားရှိသည်။ မြေပြင်အခြေစိုက် ဒုံးကျည်များတွင် နျူက လီးယား ထိပ်ဖူးများ တပ်ဆင်ထားပြီး Prithvi 1 နှင့် Prithvi 2 လောင်စာ အရည်သုံး ဒုံးကျည်များ၌လည်း နျူကလီးယား လက်နက်များ တပ်ဆင်ထားသည်။ ထိုဒုံးကျည်များသည် ကီလို မီတာ ၁၅၀ မှ ၃၅၀ ထိ ပစ်ခတ်နိုင်စွမ်း ရှိသော်လည်း ထိုသို့ ပစ်ခတ်ရန် အတွက် နေ့တစ်ဝက်မျှ ပြင်ဆင်ရသည်။ ထို့အပြင် Agin 1,2,3 နှင့် 4 ဒုံးကျည်တို့တွင်လည်း လောင်စာအခဲ စွမ်း အားဖြင့် ပစ်ခတ်နိုင်ပြီး ကီလိုမီတာ ၇၀၀ မှ ၄၀၀၀ အတွင်းရှိ ပစ်မှတ်များကို ချေမှုန်းနိုင်စွမ်းရှိသည်။ အိန္ဒိယ နိုင်ငံတွင် ဒုံး ကျည်များ တပ်ဆင်ထားသည့် ရေငုပ်သင်္ဘောများ ရှိပြီး ထိုရေ ငုပ် သင်္ဘောများကို Arihant ဟုလည်း ခေါ်တွင်သည်။ Arihant ရေငုပ်သင်္ဘောများတွင် တာတိုပစ် ဒုံးကျည် ၁၂ စင်း တပ်ဆင် ထားပြီး တာလတ်ပစ် နျူကလီးယား ဒုံးကျည် ၄ စင်းကိုလည်း ထပ်မံတပ်ဆင်ထားသည်။ ပါကစ္စတန် ရေငုပ်သင်္ဘာ ဖြိုခွင်းရေး စစ်ဆင်ရေး စွမ်းအားများကို ကျော်လွန်၍ အိန္ဒိယပိုင် Arihant ရေငုပ်သင်္ဘော များဖြင့်လည်း ကင်းလှည့်လည်ကာ ထောက် လှမ်းသွားနိုင်သည်။

.

ထို့ကြောင့် အိန္ဒိယနှင့် ပါကစ္စတန်သာ စစ်ဖြစ်ခဲ့မည် ဆိုပါ က အိန္ဒိယမှ ပါကစ္စတန်အား စွမ်းအားကြီးမားကာ တိုက်ခိုက် နိုင်စွမ်းရှိသော လက်နက်ကြီး ၅ မျိုးကို သုံးစွဲသွားမည် ဖြစ်သ ဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာမည်ကား မလွဲဧကန်ပင်။ ။

.

Journal Download

Photo of three cats