ဟိုပုံးတွင် ငွေကျပ် ၉၈ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, June 5, 2020

ဟိုပုံးတွင် ငွေကျပ် ၉၈ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဇွန်လ ၃ ရက်၊ ညနေပိုင်းက ငွေကျပ် ၉၈ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဇွန်လ ၃ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ဟိုပုံးမြို့နယ်၊ ဟိုပုံး-ဘန်းယဉ်သွားကားလမ်းပေါ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေနေစဉ် ဘန်းယဉ်ဘက်မှ ဟိုပုံးဘက်သို့ ပင်သောလ(ခ)စိုင်းမိန်း မောင်းနှင်ပြီး ဟိုပုံးမြို့နယ်၊ လုံမြင့်ကျေးရွာနေ မအားလီ(ခ)မလီလီခိုင် ၃၃ နှစ် စီးနင်းလိုက်ပါ လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ပင်သောလ(ခ)စိုင်းမိန်းမှာ ထွက်ပြေးသွားပြီး မအားလီ(ခ) မလီလီခိုင် လွယ်ထားသောလွယ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၉၈၃၅ ပြား၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၉၈ ဒသမ ၃၅ သိန်းအား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဟိုပုံးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေးနှင့် ကွင်းဆက်များ ဖော်ထုတ်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats