ခရီးသွားလုပ်ငန်းကို အထောက်အကူ ပြုစေရန် မဲနယ်တောင်တွင် တောင်ဇလပ်ပင် ၁၀ဝ စိုက်ပျိုး

စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တန်း၏ ပင်လယ်ရေ မျက်နှာပြင် အထက် ၈၁၂၆‌ ပေ အမြင့်တွင် ခရီးသွား လုပ်ငန်းကို အထောက်အကူပြုစေရန် အတွက် ဇွန်လ ၂၃ ရက်၊ နံနက်ပိုင်းက တောင်ဇလပ်ပျိုးပင် ၁၀၀ ပင်ကို ရှမ်း ပြည်နယ် သစ်တောဦးစီးဌာနနှင့် ဒေ သခံ တိုင်းရင်းသားများ စုပေါင်း စိုက် ပျိုးခဲ့ကြောင်း သိရသည်။ 
.
 
Photo - Shan State Forest Department
.
" အဓိကက မဲနယ်တောင်မှာ နဂိုတည်းက တောင်ဇလပ်ပင်တွေ ရှိ တယ်။ ထူးခြားတာက တောင်ဇလပ် အနီ တင်မကဘူး တောင်ဇလပ် အဖြူတို့ အဝါတို့ ပါရှိတယ်။ အဝါက အရှား ပါးဆုံးပဲ။ နောက်တော့ ထင်းသိပ် ကောင်းလို့ ခုတ်ပစ်လိုက်ကြတာ။ တ ချို့နေရာတွေဆို အစုလိုက် အပြုံလိုက် ကို မရှိကြတော့ဘူး။ ကွက်လပ်ကြီး ဖြစ်နေတာ အများကြီးပဲ။ နောက် ပိုင်းမှာ တောင်ဇလပ်ပင်တွေကို အ ကြောင်းပြုပြီး တောင်ဇလပ်ပွင့်တဲ့ ရာသီဆိုရင် ခရီးသွားတွေအများကြီး လာတယ်။ လာတော့ ခရီးသွားလုပ် ငန်းကနေ ဝင်ငွေရလာတယ်။ ဒါ ကြောင့် ပြန်စိုက်ချင်တာပေါ့ ”ဟုရှမ်း ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန် ကြားရေးမှူး ဦးခင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ဇလပ်ပင်ကို စိုက်ပျိုးရာ တွင် သစ်စေ့မှ စိုက်လျှင် ခက်ခဲသည့် အပြင် အပင်ဟောင်းမှ တူးပြီး စိုက် မည်ဆိုပါကလည်း စိုက်တိုင်း မရှင်နိုင် သဖြင့် ပျိုးပင်ပေါက်ငယ်များ၊ မျိုး စေ့များကို ချင်းပြည်နယ်မှ မှာယူပြီး စနစ်တကျ ပျိုးထောင် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“တောင်ဇလပ်တွေ ပွင့်တဲ့ချိန်ဆိုရင် အောက်ခြေကနေ တက်သွားရင် ပေ ၅၀၀၀ အောက်ဆိုရင် ချယ်ရီတွေ တောင်ကမ်းပါးယံမှာ ရှိတယ်။ သဘာ ဝအလျောက် ပေါက်နေတာပါ။ ချယ် ရီဖြူပင် ၅၀ ကို ဖြည့်စိုက်လာခဲ့တယ်။ အဲဒီကနေ မျိုးပွားပြီး ပြန်စိုက်မယ်။ ပင်လောင်းဘက်မှာ ချယ်ရီဖြူတွေ ရှားရှားပါးပါး ရှိတယ်။ ပျိူးပြီး ဖြန့်နေ တာပေါ့ ။ တောင်ကြီးခရိုင် အတွင်းမှာ မျိုးပြန့်အောင် လုပ်နေတာ မဲနယ် တောင် အပါအဝင်ပေါ့”ဟု ဦးခင် မောင်ဝင်းက ဆက်လက်ပြော ဆိုခဲ့ သည်။
.
တောင်ဇလပ်ပန်း များသည် တောင်ထိပ်များတွင်သာ ဖူးပွင့်ဝေ ဆာ ခြင်းကြောင့် အရိပ်မဲ့ တောင်ဇ လပ်ပန်းဟု လည်း ခေါ်ဝေါ်ကြ ပြီး တောင်ဇလပ်ပန်း အမျိုးအစားမျိုးစုံ ရှိရာ ချင်းပြည်နယ်၌ ဖူးပွင့်ဝေဆာ သည့် တောင်ဇလပ်ပန်း အမျိုးအစား သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် အာဖရိကနိုင်ငံတို့တွင်သာ မြင်တွေ့ နိုင်သည့် တောင်ဇလပ် အမျိုးအစား ဖြစ်ကြောင်း သိရသည်။
.
အလားတူ ရှမ်းပြည်နယ်တောင် ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရှိ အမြင့်ပေ ၇၇၅၂ ပေရှိ သော အရှေ့မြင် အနောက်မြင်တောင် တွင်လည်း တောင်ဇလပ်ပန်းများ သ ဘာဝအလျောက် ပေါက်ရောက်ရှင် သန်နေလျက်ရှိကြောင်း သိရသည်။
.

Comments