ဟိုပုံးတွင် ရွှေရင်အေး မျိုးစပါး ဆားရည်စိမ်နည်း အဆင့်ဆင့်အား သရုပ်ပြသ - Kanbawza Tai News

Breaking

Sunday, June 21, 2020

ဟိုပုံးတွင် ရွှေရင်အေး မျိုးစပါး ဆားရည်စိမ်နည်း အဆင့်ဆင့်အား သရုပ်ပြသ

မော်မော်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ နံကင် ကျေးရွာတွင် ဇွန်လ ၁၇ ရက်က ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်း များမှ “စပါးမျိုးမှန် အပင်သန် ဆားရည်စိမ် ၍ စိုက်ပျိုးရန်” ဆောင်ပုဒ်ဖြင့် ရွှေရင် အေးမျိုးစပါး ဆားရည် စိမ်နည်း အ ဆင့်ဆင့်အား လက်တွေ့ သရုပ်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
 
.
စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအား ကျန်း မာသန်စွမ်း ကောင်းမွန်သော မျိုးစပါးပင်များ ရရှိနိုင်ရန်၊ စပါးစေ့ တိုင်းမှ စပါးပင်ပေါက်၍ အပင်ပေါက် ညီညာစေရန်၊ မျိုးစေ့ဆောင် ရောဂါ ကင်းစင်စေရန် ရည်ရွယ်၍ ယင်းကဲ့သို့ သရုပ်ပြသ ဆောင်ရွက်ခြင်း ဖြစ် ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီး ဌာနမှ ဘက်စုံအဆင့်မြင့် နည်းပညာ သုံး စံပြကျေးရွာ (IHTDV) များအား တစ်မြို့နယ် တစ်ရွာနှုန်းဖြင့် မြို့နယ် ၅၀ တွင် ဆောင်ရွက်လျက်ရှိရာ ယင်းကျေးရွာများတွင် ပါဝင်သည့် တောင်သူများ၏ သီးနှံစိုက်ဧကများအား မြေနမူနာယူ၍ မြေဆီလွှာတွင်း အာဟာရဓါတ်ပါဝင်မှု ဓါတ်ခွဲ စမ်းသပ်ပေးပြီး သီးနှံအလိုက် ဓါတ်မြေဩဇာထောက် ခံနှုန်းထားပေးခြင်း၊ မြေဆီလွှာ တိုးတက်စေရေး သစ်စိမ်း မြေဩဇာစိုက်ပျိုး ဆောင်ရွက်ခြင်း၊ စိုက်နည်းစနစ်အပါအဝင် နည်းပညာစံပြကွက်များ ဆောင်ရွက် စေခြင်း၊ ဘက်စုံသီးနှံကာ ကွယ်ရေး စနစ်များ အသုံးပြု၍ ရောဂါ ပိုးမွှားကာကွယ်ခြင်း စနစ်များ ကျင့်သုံး စေခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
ထို့အပြင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ စပါးသီးနှံ စီး ပွားဖြစ် မျိုးသန့်မျိုးစေ့ ထုတ်လုပ်မည့် တောင်သူများအား မျိုးစပါး ဆားရည် စိမ်နည်း အဆင့်ဆင့်ကိုလက်တွေ့ သရုပ်ပြသ၍ တောင်သူများကိုယ် တိုင် လိုက်နာဆောင်ရွက်နိုင်ရေး Campaign အသွင်ဖြင့် ဆောင်ရွက် နေလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)