မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်ရှိ
ဘုရားဖြူနှင့် ကံကြီးရပ် ကွက်များမှ ငွေကျပ် သိန်း ၄၀၀ ဝန်း ကျင် အိမ်ခြံမြေများ
ပုံမှန်အတိုင်း အရောင်းအဝယ်ပြန်ဖြစ်လာနေသည်ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း
လုပ်ကိုင်သူများထံက သိရသည်။
.
.
“ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလမှာ အပြင်မထွက်ရတော့
မြေကွက်တွေ အရောင်းဝယ်မတည့်ကြဘူး။ ဝယ်လက် ကို ရောင်းမယ့်မြေကွက် လိုက်ပြမှ အဆင်ပြေတာလေ။
ဇွန်လမှာ ဘုရားဖြူနဲ့ ကံကြီးဘက်က သိန်း ၃၅၀ နဲ့ သိန်း ၄၀၀ တန် မြေကွက်တွေတော့
အရောင်းဝယ် ပုံမှန်ပြန်ဖြစ်လာတယ်။ မြို့ထဲလူနေအိမ်နဲ့ တိုက်ခန်းတွေ ကတော့
လုပ်ငန်းသုံးဖို့အတွက် ငှားရမ်း တာများတယ်။ မြို့ထဲလူနေအိမ်တွေ က သိန်း ၁၅၀၀
ဝန်းကျင် တန်တွေ တော့ တစ်ခါတလေ အရောင်းဝယ် ဖြစ်နေတယ်။ တိုက်ခန်းတွေကနယ်
ဘက်ကလူတွေလောက်ပဲ အဝယ်များ တယ်။ မြို့ခံတွေက အိမ်ခြံမြေတွေပဲ ဝယ်တယ်"ဟု Golden
Cherry Land အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းမှ ကိုအောင်ဖြိုးထူးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
လက်ရှိတွင် တောင်ကြီးမြို့ အိမ်
ခြံမြေစျေးကွက်အတွင်း တစ်လလျှင် ငှားရမ်းခ ၂
သိန်းနှင့် ၃ သိန်းဝန်း ကျင် ရှိ လူနေတိုက်ခန်းများ မကြာခဏ ငှားရမ်းမှုများ
ရှိနေပြီး ဗိုလ်ချုပ် အောင် ဆန်းလမ်း (မိန်းလမ်း) ဘေးရှိ လူနေ အိမ်များမှာ
ကာလတန်ဖိုး သိန်း ၁၅၀၀၀ဝ နှင့်အထက်ရှိသောကြောင့် အရောင်းအဝယ် နည်းပါးနေ သည်ဟု
သိရသည်။
.
“လူနေအိမ်တွေထက် စာရင် မြေကွက်တွေ ဝယ်သမား
ပိုများတယ်။ ကံကြီးဆင်တောင် မြွေပွေးတောင် ဘု ရားဖြူ ဂနိုင်ရွေးဘက်က မြေကွက် တွေ
ပိုအရောင်းသွက်တယ်။ နောက် ပြီးကျောင်းကြီးစုထဲက စမ်းရေ တွင်းဘက်မှာလဲ
အရောင်းဝယ်မကြာခဏဖြစ်တယ်။ မြို့ထဲကအိမ်စျေးတွေက ခေါင်ခိုက်နေတော့ လုပ်ငန်း ကြီးသမား
တချို့လောက်ပဲ တတ်နိုင်တယ်။ အခြေခံလူတန်းစားတွေ ကတော့ မြေကွက်အလွတ် အရင်ဝယ် ပြီးမှ
အိမ်ဆောက်ပြီး လူနေကြတာပါ။ သိန်း ၅၀၀ ကနေ သိန်း ၁၀၀၀ ကြား လူနေအိမ်တွေလောက်ပဲ
တစ်ခါတစ်ခါ အရောင်းဝယ် တည့်တယ်"ဟု အိမ်ခြံမြေ အကျိုးဆောင် ဒေါ်စန်းကလည်း
ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ သိန်း ၃၀၀ မှ သိန်း ၄၀၀ ဝန်းကျင်ရှိ
အိမ် ခြံ မြေများသည် သတ်မှတ်တန်ဖိုးအားဖြင့် ပုံမှန်ရှိ နေ ခြင်းကြောင့်
အရောင်းဝယ်များ ယခင် ကဲ့သို့ ပုံမှန်ပြန် ဖြစ်လာရခြင်းဖြစ်ပြီး မြို့တွင်း၌ သိန်း
၅၀၀ မှ သိန်း ၁၅၀၀ ဝန်းကျင်ရှိ လူနေအိမ်များမှာ လုပ်ငန်း ရှင်အချို့က ဝယ်ယူမှုများ
ရှိနေကာ အိမ်ခန်း အငှားထား ခြင်းမျိုးသာ ပြု လုပ်ပြီး ပြန်လည် ရောင်းချခြင်း နည်း
ပါးကြောင်း သိရှိရသည်။
.
တောင်ကြီးမြို့ပေါ်ရှိ အိမ်ခြံမြေ အကျိုးဆောင်
လုပ်ငန်းလုပ်ကိုင်သူ များအနေဖြင့် COVID-19 ကူးစက် ရောဂါ
ဖြစ်ပွားမှု ကြောင့် စီးပွားရေး စျေးကွက် ထိခိုက်နစ်နာမှုများ မရှိ သော်လည်း
အရောင်းဝယ်မှာ ပုံမှန် ရောင်းအားထက် ကျဆင်းနေ လျက် ရှိကြောင်း သိရှိရသည်။
.
ထို့အပြင် တောင်ကြီးမြို့ အနီးတစ်ဝိုက်ရှိ
အိမ်ခြံမြေစျေးကွက်သည် မြို့တွင်း လူနေအိမ်စျေးကွက်ထက် ဒေသခံ ဝယ်လက် အပြင်နယ်ဘက်မှ
ဝယ်လက်များ ပို၍ စိတ်ဝင်စားမှုများ ပြီး ယင်းအိမ်ခြံမြေ ဝယ်ယူ ထားသူများ မှာ
တစ်ဆင့် ပြန်လည် ရောင်းချခြင်း ထက် ပြောင်းရွှေ့ နေထိုင်ခြင်း စီးပွား ရေး
လုပ်ငန်း များလုပ်ကိုင်ခြင်း စိုက် ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ
လုပ်ကိုင်ခြင်း စသည်တို့ကို ပြုလုပ် ကြကြောင်း သိရသည်။
.
No comments:
Post a Comment