ရှမ်းပြည်နယ်အတွင်း၌ ဟိုတယ် ၁၈၆ လုံးကို ပြန်လည် ဖွင့်လှစ်ခွင့် ပြုထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်း၌ ဟိုတယ် ၁၈၆ လုံးကို ပြန်လည် ဖွင့်လှစ်ခွင့် ပြုထား


စုလှိုင်
.
ရှမ်းပြည်နယ် အတွင်းရှိ ကျန်းမာရေး စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိသည့် ဟိုတယ် ၁၈၆ လုံးကို  ဖွင့်လှစ်ခွင့် ပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
.
အဆိုပါ ကျန်းမာရေး စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ၍ ပြန်လည် ဖွင့်လှစ်ခွင့် ပြုထားသည့် ဟိုတယ် များမှာ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၆၉ လုံး ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၅၉ လုံး နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၅၈ လုံး စုစုပေါင်း ၁၈၆ လုံး ဖြစ်ကြောင်း သိရသည်။
.

ဟိုတယ်နှင့် တည်းခိုရိပ်သာများ ပြန်လည် ဖွင့်လှစ်လိုပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ လိုက်နာရန် အချက်များနှင့် ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ လိုက်နာရန်အချက်များကို ကြိုတင် ပြင်ဆင်ထားကြရမည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် COVID-19 ရောဂါ‌ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ဟိုတယ်နှင့် တည်းခိုရိပ်သာများအား ဇွန်လ ၃၀ ရက်အထိ ယာယီ ပိတ်ထားရန် ညွှန်ကြားထားပြီးနောက် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ပြန်လည် ဖွင့်လှစ်လိုသော ဟိုတယ်နှင့် တည်းခိုခန်းများကို စစ်ဆေးမှုများ ပြုလုပ်၍ ပြန်လည် ဖွင့်လှစ်ခွင့် ပြုနေခြင်း ဖြစ်သည်။

Journal Download

Photo of three cats