ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၉
ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ဇွန်လ ၂၂ ရက်မှ ၂၅ ရက် အထိ တောင်ကြီးမြို့၊
ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး ခန်းမတွင် ကျင်းပပြု လုပ်ခဲ့ပြီး အစည်းအဝေး တွင်
ကြယ်ပွင့်ပြ မေးခွန်း ၄၈ ခု မေးမြန်း ခြင်းနှင့် ပြန်လည်ဖြေကြားခြင်း၊ အဆို ၁ ခု
အတည်ပြုခြင်း၊ အဆို ၁ ခုကို လွှတ်တော်မှတ်တမ်း အဖြစ် ထားရှိခြင်း၊ ဥပဒေကြမ်း ၁ ခု
အတည်ပြုခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရသည်။
.
.
ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခြင်းနှင့်
ပြန်လည် ဖြေကြားခြင်း
.
၁။ ကျိုင်းတုံမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက
“ရှမ်းပြည်နယ် အတွင်း ဘဏ္ဍာနှစ်အလိုက် ရေခွန်ကြွေးကျန် မည်မျှရှိပြီး မည်ကဲ့ သို့
ပြီးပြတ်အောင် ဆောင် ရွက်မည်နှင့် လက်ရှိ ရေခွန် ကောက်ခံ နေသည့် အစီအမံများ” နှင့်
ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်း မေး မြန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံ ကျော်က ၂၀၁၆-၂၀၁၇
ဘဏ္ဍာနှစ်မှ စတင်၍ ကောက်ခံလျက် ရှိပါကြောင်းနှင့် လက်ရှိ ရေခွန် ကောက်ခံနေမှု
အခြေအနေအား ရှင်းလင်းတင်ပြ ခဲ့သည်။
.
၂။ ပင်းတယမြို့နယ်
မဲဆန္ဒနယ် အမှတ် (၂) မှ ဦးညီညီ (ခ) ဦး ညီလေးချမ်းက “ပင်းတယမြို့နယ်၊ မဲနယ် တောင်
ကျေးရွာအုပ် စု၊ မဲနယ်တောင်ကျေးရွာတွင် MPT ထပ်ဆင့်
မိုဘိုင်းဖုန်းတိုင် များ ပြုလုပ်ပေးရန်” နှင့် စပ်လျဉ်းသည့် ကြယ်ပွင့် ပြမေးခွန်း
မေးမြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန် ရဲထွေးက ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
၃။ ဆက်လက်ပြီး
ဦးညီညီ (ခ) ဦးညီလေးချမ်း က “ရွာငံမြို့ နယ်၊ ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန်
ဘေးမဲ့တော၊ ပန်းလောင်ကြိုးဝိုင်းနှင့် ပြဒါးလင်းဂူ ကြိုးဝိုင်းတောများရှိမျိုးစိတ်များ၊ တောရိုင်းတိရစ္ဆာန် များ”နှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းရာ
ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်က
ဘေးမဲ့တော အဖြစ် သတ်မှတ်၍ ကာကွယ်ထားရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့ သည်။
.
၄။ ထို့နောက်
ဦးညီညီ (ခ) ဦးညီလေးချမ်းက “ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးတွင် သဘာဝ
ဘေးအန္တရာယ် ကျ ရောက်ပါက တစ်မြို့နယ်လျှင် အရေးပေါ် သုံးစွဲရန်အတွက် ပြည် နယ်
ဘတ်ဂျက်မှ နှစ်စဉ် ကြိုတင်ငွေလျာထား စီမံ ဆောင်ရွက် ပေးထားမှု”နှင့် စပ်လျဉ်းသည့်
ကြယ်ပွင့်ပြ မေးခွန်းအား မေး မြန်းရာ ပြည်နယ် ဗမာတိုင်းရင်းသား
လူမျိုးရေးရာဝန်ကြီး ဒေါက် တာ အောင်သန်းမောင်က မြို့နယ်အလိုက် တစ်မြို့နယ်လျှင်
ကျပ်သန်း ၅၀၀ လျာထားဆောင်ရွက်ထား ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၅။ တပ်မတော်သား
ကိုယ်စားလှယ် ဗိုလ်မှူးကြီး လှိုင်ထွန်း အောင်က “ကျိုင်းတုံ-တောင်ကြီးကားလမ်းမှ
ဟွေဖျန်းသုသာန် သွား အရှည် ၂ မိုင်၊ အကျယ် ၁၂ ပေရှိ ကတ္တရာလမ်းတွင် ပျက်စီး နေသော
လမ်းပိုင်းနေရာ များကို ပြန်လည်ပြုပြင်ပေးရန်”
ကြယ် ပွင့်ပြမေးခွန်း မေးမြန်းရာ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး
ဦးစိုင်းစွံဆိုင်းက ပြုပြင်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်
ဖြေကြားခဲ့သည်။
.
၆။ နမ့်ခမ်းမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်က “ရှမ်းပြည်နယ်
အတွင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှစွမ်းဆောင်ရည်
မြှင့်တင်ရေး တိုးချဲ့ပညာပေး အစီအစဉ်နှင့် ပညာပေးလုပ်ငန်း၊ ခေတ်မီသတင်း
အချက်အလက်များ၊ နည်းပညာများ အသုံးပြု ခြင်းနှင့် စိုက်ပျိုး မွေးမြူရေး
ပညာပေးနည်းစနစ်သစ်များ တိုး မြှင့် သုံးစွဲနိုင်ရေး မည်သို့
ဆောင်ရွက်ပေးနေကြောင်း” မေးခွန်း အား ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်က ပညာပေးသင်တန်း ဆောင်ရွက်ပေးနေမှုများ နှင့်
ပတ်သက်၍ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
.
၇။ တပ်မတော်သား
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ် မှူး ကျော်ဆန်းမင်းက “ကလောမြို့နယ်၊ သူရဲ
ကျေးရွာအုပ်စု၊ မြင်းကကျေးရွာမှ ပိန္နဲပင်ကျေးရွာချင်းဆက် ကျောက်ချောလမ်း ၃ မိုင်၊
၄ ဖာလုံအား ပြုပြင် ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိ” မေးမြန်းမှုနှင့် ပတ်သက်၍
ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးမှ အစီအစဉ် မရှိသေးပါကြောင်းနှင့်
၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း
ပြန်လည် ဖြေကြားခဲ့သည်။
.
၈။ ရွာငံမြို့နယ်
မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုးက
“ရွာငံမြို့နယ်၊ တပင်ပျော်ကျေး ရွာအုပ်စု၊ တပင်ပျော်ကျေးရွာတွင် ၁၁ ကေဗွီ ၁ ဒသမ ၅
မိုင်နှင့် ၄၀၀ ဗို့ ၂ မိုင်၊ ၂၉၉ ကေဗွီအေ ထရန်စဖော်မာတစ်လုံး ဆောင် ရွက်ပေးရန်
အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းရာ ပြည်နယ်လျှပ်စစ်၊
စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ က လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်
ထည့်သွင်း လျာ ထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
.
၉။ တပ်မတော်သား
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ် မှူး မျိုးမင်းသူက “တောင်ကြီးမြို့၊ အမှတ်
(၁၁) အခြေခံပညာ မူလတန်း လွန်ကျောင်း၌ လိုအပ်လျက်ရှိသော စာသင်ဆောင် ၂ လုံးနှင့်
ပျက်စီးနေသော ရေလောင်း အိမ်သာ ၃ လုံးအား ဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ”
မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်လူ မှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ၂၀၁၉-၂၀ ၂၀
ဘဏ္ဍာရေး နှစ် ရန်ပုံငွေတွင် ထည့်သွင်းလျာထား တင်ပြခဲ့သော်လည်း ပယ် ချခြင်း
ခံခဲ့ရသည့်အတွက် လာမည့် ဘဏ္ဍာရေးနှစ်များတွင် ထပ်မံ ထည့်သွင်း လျာထားတင်ပြသွားမည်
ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၁၀။ နမ့်ဆန်မြို့နယ်
မဲဆန္ဒနယ် အမှတ် (၂) မှ ဦးစိုင်းအောင် ထွဏ်းက “တောင်ကြီးမြို့၊ မြို့လယ် လမ်းမကြီး၊
လူသွားစင်္ကြန် ပလက်ဖောင်းပေါ်တွင် ကျူးကျော် ဆောက်လုပ်ထားသည့် အ ဆောက်အဦ များ”နှင့်
ပတ်သက်၍ ကြယ်ပွင့်ပြ မေးခွန်းမေးမြန်း ရာ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး
ဦးစိုင်းစွံဆိုင်း က လမ်း သွားလမ်းလာများ အနှောင့်အယှက် မဖြစ်ပေါ်စေရေးအတွက်
ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် စည်ပင်သာယာရေး ဌာနမှ လမ်းဘေး ပလက်ဖောင်းပေါ်တွင်
ကျူးကျော် သူ ၄ ဦးတို့ကို အ ရေးယူ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထပ်မံ၍
ကျူးကျော်မှု များ ရှိလာပါက ဆက်လက်အရေးယူ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း ပြန်လည်
ဖြေကြားခဲ့သည်။
.
၁၁။ တပ်မတော်သား
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ် မှူးပြည့်ဖြိုးအောင်က “မိုင်းယောင်း မြို့နယ်၊
မိုင်းယုမြို့၊ တာကြန့် ကျေးရွာအုပ်စု၊ နမ့်နော် (အောက်) ကျေးရွာရှိ
နမ့်နော်ချောင်း သစ် သားတံတား အား ဘေလီတံတား သို့မဟုတ် သံကူကွန်ကရစ် တံ တားအဖြစ်
တည်ဆောက်ပေးရန်”နှင့် စပ်လျဉ်းသည့် မေးခွန်း အား ပြည်နယ် လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက တင်ပြ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း
ပြန်လည် ဖြေကြားခဲ့သည်။
.
၁၂။ မိုင်းဖြတ်မြို့နယ်
မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က
မိုင်းဖြတ် မြို့နယ်ရှိ နမ့် လောက်၊ တာမ၊ ဝမ်ဆာ၊ ဆိုင်ဆတ် (ကချင်ရွာ)နှင့်
ဝမ်ယန်းမိုင် ကျေးရွာများ လျှပ်စစ်မီးလင်းရေး မည်သို့ စီစဉ် ဆောင်ရွက်ပေး မည်” ကို
သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည် နယ် လျှပ်စစ်၊ စွမ်းအင်နှင့်
စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ဘဏ္ဍာရေးနှစ် အလိုက်လျာထား ဆောင်ရွက်
လျက်ရှိပါကြောင်း ပြန် လည်ဖြေကြားခဲ့သည်။
.
၁၃။ မိုင်းပျဉ်းမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂)မှ ဦးစိုင်းလှဝင်းက “မိုင်းပျဉ်းမြို့နယ် အတွင်းရှိ အမက
(ခမရ-၅၂၈) နှင့် အထက (တုံ တာ) ကျောင်းများရှိ အန္တရာယ်ကျောင်းဆောင်များအားအသစ်
ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်း သည့် မေးခွန်းအား
ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်
ထည့်သွင်းလျာထား ဆောင် ရွက်ထားပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၁၄။ သီပေါမြို့နယ်
မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက
“သီပေါမြို့နယ်အတွင်း ဝေးလံခေါင်ဖျားနှင့် ခရီးလမ်းခက်ခဲသော ဒေသများ ရှိ ပညာရေး
ဆရာမများ၏ ဒေသစရိတ်များ ချီးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ”
ကြယ်ပွင့်ပြမေးခွန်းအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တင်ပြ
ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန် လည် ဖြေကြားခဲ့သည်။
.
၁၅။ ညောင်ရွှေမြို့နယ်
မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးသိန်းဇော်မိုးက
“ညောင်ရွှေမြို့နယ်၊ နောင်တော၊ မိုင်းပျိုးနှင့် အင်းလျားကျေးရွာအုပ်စု
ချင်းဆက်စော် ဘွား တာပေါင်လမ်း ၃ ဒသမ ၂ မိုင်ကို မြေသားလမ်း၊ ကျေးရွာ ကုန်ထုတ်လမ်း
အဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းအား ပြည်နယ်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲ ထွေးက ဘဏ္ဍာရေးနှစ်အလိုက် လျာထား
စီမံဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
၁၆။ နမ္မတူမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါ်နန်းစံဟွမ်က “ရှမ်းပြည်နယ် အတွင်းရှိ အထွေထွေ
အုပ်ချုပ်ရေး ဦးစီးဌာနမှ အငယ်တန်းစာရေး (ရပ်/ကျေး) ခေါ်ယူမှုများနှင့် ပတ်သက်၍
ဒေသခံဘွဲ့ရများကို လျှောက်ထားခွင့်၊ ရွေးချယ်ခွင့်ရရှိနိုင်ရေး” နှင့် စပ်လျဉ်း၍
ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာ ပြည်နယ်စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဦးစိုးညွန့်လွင်က ပြည်ထောင်စု အစိုးရသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ် ကြောင်း
ပြန်လည် ဖြေကြားခဲ့သည်။
.
၁၇။ ရွာငံမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစဝ်အောင်မြတ်က
“မော် တော်ယာဉ် အမည်ပြောင်း မှတ်ပုံတင် ဆောင်ရွက်ရာတွင် ထပ်မံပေးဆောင်ရသည့်
အခွန်ငွေများ”နှင့် ပတ် သက်၍ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ရှမ်း ပြည်နယ်တွင် ယာဉ်မှတ်ပုံတင်ကိစ္စ
ဆောင်ရွက်ပေးခြင်း မရှိပါ ကြောင်း၊ မော်တော်ယာဉ် အမည်ပေါက် အခွန်ပေးဆောင်ခြင်း
ကိစ္စရပ်များအား လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်စေရေးအ တွက် တန်ဖိုး
သတ်မှတ်ပေးနိုင်ပါရန်နှင့် သတ်မှတ်စံနှုန်းထက် လျော့နည်းသည့် ကိစ္စများတွင် ယာဉ်၏
အခြေအနေနှင့် ကိုက် ညီသည့် အမှန်တန်ဖိုးအား သတ်မှတ်ပေးနိုင်ရန် ပြည်တွင်း အ ခွန်ဦးစီးဌာနမှ တိုင်းဒေသကြီးနှင့်
ပြည်နယ်အကောက်ခွန်ဦး စီးဌာနများသို့ လုပ်ပိုင်ခွင့် ပေးထားပြီးဖြစ်ရာ အခွန်ထမ်း
ပြည် သူများ လွယ်ကူ အဆင်ပြေ စွာ အခွန်ပေးဆောင်နိုင်ရန် အတွက် ရှမ်းပြည်နယ် အခွန်ဦးစီးဌာနမှ
တင်ပြဆောင်ရွက်လျက် ရှိပါ ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၁၈။ တပ်မတော်သား
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ကျော်ကျော်နိုင်က “ရှမ်းပြည်နယ်
အတွင်းရှိ အချို့ဒေ သများတွင် နွေရာသီ၌ ရေပြတ်လပ်ခြင်းများ ရှိသဖြင့် စနစ်တ ကျ
စစ်တမ်းကောက် ယူပြီး ရေရရှိရေး မည်သို့ဆောင်ရွက်ပေး မည်”ကို သိရှိလိုကြောင်း
မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀
ဘဏ္ဍာရေးနှစ် အထိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေရရှိရေးအ တွက်
ကျေးရွာပေါင်း ၃၁၄၉ ရွာတွင် လုပ်ငန်းပေါင်း ၃၁၇၅ ခုနှင့် ကုန်ကျငွေ ၄၆ ဘီလီယံ
အသုံးပြုခဲ့ပြီး ဖြစ်ကြောင်း၊ ဆည်မြောင်း နှင့် ရေအသုံးချရေး ဦးစီးဌာန၊ ရေ
အရင်းအမြစ် ဦးစီးဌာနမှ ကျေး ရွာပေါင်း ၂၃၆ ရွာတွင် လုပ်ငန်းပေါင်း ၂၃၆ ခုကို ၅
ဘီလီယံ ကျော် အသုံးပြုခဲ့ပြီး ဖြစ်ကြောင်း၊ ထို့အပြင် ကျေးရွာများ ရေ ရရှိရေးအတွက်
စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ၂၀၁၃-၂၀၁၄
ဘဏ္ဍာရေးနှစ်မှ ယနေ့အထိ ရေပိုက်ထောက် ပံ့မှု ၁၁၀၉၉၄၄ လုံး
ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း ၅၅
မြို့နယ်အနက် တောင်ကြီးခရိုင် အတွင်းရှိ မြို့နယ်အချို့တွင် နွေရာသီ ရေရှားပါး
ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ပါကြောင်း၊ လက်ရှိမြေပြင် ကွင်းဆင်း စစ်ဆေးမှုအရ ကျေးရွာ ၄၅
ရွာ၊ ၅၂၁၆ အိမ်၊ လူ ဦးရေ ၂၄၅၃၈ ဦးခန့်မှာ နွေရာ သီ ရေရှားပါး ပြတ်လပ်မှုဒဏ်ကို
ခံစားရနိုင်ကြောင်း၊ သို့အတွက် သောက်သုံးရေ အရေးပေါ်ထောက်ပံ့ ပေးဝေနိုင်ရေး
ဆောင်ရွက် လျက် ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၁၉။ ရွာငံမြို့နယ်
မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုးက
“ရှမ်းပြည်နယ် တရားရုံးများ တွင် ကလေးသူငယ် အထူးတရားရုံးများ ထားရှိရန်နှင့် ကလေး
သူငယ် အထူးရဲများ သီးသန့် ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်း မေး မြန်းရာ ရှမ်းပြည်နယ်
တရားလွှတ်တော် တရား သူကြီးချုပ် ဦးကြွယ်ကြွယ်က ပြင်ဆင်ထားရှိပြီး ဖြစ်ကြောင်း
ပြန်လည်ဖြေ ကြားခဲ့ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက သီးသန့်တရားရုံး မရှိသေးပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၂၀။ မိုင်းဖြတ်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဦးအားကိုက
“မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်း ကျေးရွာအုပ်စုတွင် MPT ဆက်သွယ်ရေး
တာဝါတိုင် တစ်ခုနှင့် ကျိုင်းတုံမြို့နယ်နှင့် မိုင်းဖြတ်မြို့နယ် အကြားရှိ မိုင်
၃၀ ကျေး ရွာမှ မိုင်းဖြတ်မြို့နယ် အထိ ဖုန်းလိုင်း ဆက်သွယ်မှု ရရှိရေးအ တွက် ဆောင်ရွက်ထားရှိမှု
အခြေအနေ”နှင့် ပတ်သက်၍ ကြယ် ပွင့်ပြ မေးခွန်းမေးမြန်းရာ ပြည်နယ်
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးက MPT အနေဖြင့်
ဖိုင်ဘာ ဆက်ကြောင်း မရှိ၍ တပ်ဆင်နိုင်ခြင်း မရှိသေးပါကြောင်းနှင့် အခြား ဆက်
သွယ်ရေး အော်ပရေတာ များအား မေးမြန်းထားပါကြောင်း ပြန် လည်ဖြေကြားခဲ့သည်။
.
၂၁။ ကလောမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဦးသန်းထိုက်က “ဒုတိယအကြိမ်
ရှမ်းပြည် နယ်လွှတ်တော် အစည်းအဝေးသို့ ရှမ်းပြည်နယ် စာရင်းစစ်ချုပ် ရုံးမှ
တင်သွင်းလာသော ဘဏ္ဍာရေးနှစ်အလိုက် စိစစ်တွေ့ရှိချက် များ”နှင့် ပတ်သက်၍
ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာ ပြည် နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး
ဦးစိုးညွန့်လွင်က စိုး လွင်အောင်၊ ဖြူစင်နှင့် ကျန်စစ်မင်း ကုမ္ပဏီများမှ ပြည်နယ်အ
စိုးရသို့ ပေးသွင်းရန် ကျန်ငွေများနှင့် ကောက်ခံရရှိမှု အခြေအ နေများကို
လွှတ်တော်သို့ ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
.
၂၂။ ပင်းတယမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂)မှ ဦးညီညီ (ခ) ဦး ညီလေးချမ်းက “ပင်းတယ မြို့နယ် အတွင်းရှိ
အခြေခံပညာ ကျောင်း ၁၂ ကျောင်းအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အဆင့် တိုးမြှင့်
ဖွင့်လှစ်ပေးရန်” ကြယ်ပွင့်ပြ မေးခွန်း မေး မြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ
မျိုးထွန်းက အဆိုပါ ကျောင်း ၁၂ ကျောင်းအနက် ၆ ကျောင်းမှာ ၂၀၂၀-၂၀၂၁ ပညာ
သင်နှစ်တွင် ကျောင်းအဆင့် တိုးမြှင့် ဖွင့်လှစ်ခွင့် ရရှိပြီးဖြစ်ကြောင်းနှင့်
ကျန် ကျောင်းများကို အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့် ရရှိရေးအတွက် ဆက် လက်
တင်ပြသွားမည် ဖြစ် ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၂၃။ မိုင်းပျဉ်းမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂)မှ ဦးစိုင်းလှဝင်းက မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု
၄ စုမှ ကျေးရွာ ၁၃ ရွာတွင် ဆိုလာမီး ရရှိရေး အတွက် ဆောင်ရွက်ပေးရန်” ကြယ်
ပွင့်ပြမေးခွန်း မေးမြန်းရာ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး
ဗိုလ်မှူးကြီးလှဦးက တင်ပြဆောင်ရွက်လျက် ရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၂၄။ တပ်မတော်သား
လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင် သူခိုင်က “ရှမ်းပြည်နယ်အတွင်းရှိ
စိုက်ပျိုးမွေး မြူရေး လုပ်ငန်း များမှ ထွက်ကုန်များ၊ ရင်းနှီးမြှုပ်နှံ
လုပ်ကိုင်နေသော လုပ်ငန်း များနှင့် တိုင်းရင်းသား လုပ်ငန်းရှင်များ အပေါ် ကူညီ
ဆောင်ရွက် ပေးနေမှု”နှင့် ပတ်သက်၍ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းရာ ပြည်နယ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦး စိုင်းလုံကျော်က ကူညီ
ဆောင်ရွက်ပေးနေမှု အခြေအနေအား ပြန်လည် ရှင်လင်း ဖြေကြားခဲ့ကြောင်း သိရသည်။
.
၂၅။ ကျေးသီးမြို့နယ်
မဲဆန္ဒနယ်အမှတ် (၁) မှ ဦးစိုင်းစံမိုင်းက “ကျေးသီးမြို့နယ်၊ နောင်ဆွမ်းနှင့်
မိုင်း ကောင်း ကျေးရွာအုပ်စု များတွင် ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူပေးရန်
ရှိ/မရှိ” မေး မြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦး ခွန်ရဲထွေး က တင်ပြဆောင်ရွက်ထားရှိပြီး
ဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။
.
၂၆။ နမ့်ဆန်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက
“နမ့်ဆန်မြို့နယ်၊ ကွန်ဟယ် ကျေးရွာတွင် ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံ တည်
ဆောက်ပေးနိုင်ရေးနှင့် ပတ်သက်၍ ဝန်ကြီးဌာန ၂ ခု၏ မတူညီ သော စံနှုန်းများ”နှင့်
ပတ်သက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဆက်လက် တင်ပြ ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်း ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့သည်။
.
၂၇။ နမ့်ခမ်းမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂)မှ ဦးအေးမောင်က “နမ့်ခမ်းမြို့ပေါ်တွင် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့သည့်
ရပ်ကွက် ၁၄ ခု အနက် ရပ်ကွက် ၈ ခုတွင် မြေငှားဂရန် လျှောက်ထား၍ မရ သေးခြင်း”နှင့်
စပ်လျဉ်းသည့် မေးခွန်းအား ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည် မြောင်းဝန် ကြီး ဦးစိုင်းလုံကျော်က လယ်ယာမြေများအား ၂၀၁၂
ခုနှစ်၊ လယ် ယာမြေ ဥပဒေနှင့်အညီ အခြားနည်း သုံးစွဲခွင့်ရရှိရေး ဆောင်ရွက် ခွင့်
ရရှိရေး တင်ပြပြီးနောက် ဆက်လက် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြန်လည်
ဖြေကြားခဲ့သည်။
.
၂၈။ ဆက်လက်ပြီး
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦး အေးမောင်က “နမ့်ခမ်းမြို့နယ်၊ ကောင်ကတ်
ကျေးရွာအုပ်စု၊ ကွင်းပြင် ဒေသရှိ သစ်တော စိုက်ခင်းအဖြစ် သိမ်းယူထားသည့် မြေအနက်
စိုက်ပျိုးခြင်း မရှိသော မြေဧရိယာ ၉၇ ဧကကို မူလ ပိုင်ရှင် တောင်သူ ၂၈ ဦးထံသို့
ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ” မေးမြန်းရာ ပြည်နယ်သယံဇာတနှင့် သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီ အောင်က ကျေးရွာပိုင် ထင်းစိုက်ခင်း
အဖြစ် လွှဲပြောင်း ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
ပြန်လည်ဖြေကြားခဲ့သည်။
.
၂၉။ ကျိုင်းတုံမြို့နယ်
မဲဆန္ဒနယ် အမှတ် (၂)မှ ဒေါက်တာဝဏ္ဏစိုး က “ကျိုင်းတုံမြို့၊ မြို့ရှောင်လမ်း
ခေတ်မီအဝေးပြေး ယာဉ်ရပ်နား စခန်းနှင့် အခြားသော ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများ
ဆောင်ရွက်ရန် လိုအပ်သည့် မြေနေရာ”နှင့် စပ်လျဉ်းသည့် မေး ခွန်းအား ပြည်နယ်
လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲ ထွေးက ယခင် မိုးနဲ-ကျိုင်းတုံ ရထားလမ်း
ဖောက်လုပ်စဉ်က ပြန်လည် စွန့်လွှတ်မြေများကို မြို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက်
ဌာနဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြု သွားမည် ဖြစ်ပြီး စီမံကိန်း
လုပ်ဆောင်မည့် မြေနေရာများအတွက် မြေယာလျော်ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း
ပြန်လည် ဖြေကြားခဲ့သည်။
.
၃၀။ တပ်မတော်သား
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ် မှူး ပြည့်ဖြိုးအောင်က “မိုင်းယောင်း မြို့နယ်၊
မိုင်းယုမြို့၊ တာ ကြန့် ကျေးရွာအုပ်စု၊ ကော်ဆမ်မိန်း ကျေးရွာတွင် ကျေးလက်
ဆေးပေးခန်း တစ်ခု ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း မေးမြန်းရာ ပြည်နယ်
လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြည်ထောင်စုအဆင့်သို့ ဆက်လက်
တင်ပြပေးသွားမည်ဖြစ် ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၃၁။ ညောင်ရွှေမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးသိန်းဇော်မိုးက
“ညောင်ရွှေမြို့နယ်၊ တုံ ဟုံး-လွိုင်မွန်း-ဆီဆိုင်လမ်းပေါ်ရှိ သစ်သားတံတား ၅
စင်းအား ကွန်ကရစ်တံတား အဖြစ် ဘဏ္ဍာရေးနှစ် အလိုက် ဆောင်ရွက် ပေးရန်”မေးခွန်းအား
ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးက ယင်း လမ်းပိုင်းတွင်
တံတားအစင်းရေ ၃၀ ပါ ရှိပြီး အထက်တင်ပြပါ တံတား ၅ စင်းအနက် အရှည် ၁၀ ပေ၊ အ ကျယ် ၃၄
ပေရှိ တံတား တစ်စင်းကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ကျန်တံတား များကို သာမန်
ပြင်ဆင်ထိန်းသိမ်းရေး စ ရိတ် ဘဏ္ဍာရန်ပုံငွေဖြင့် ပြင်ဆင်ထိန်းသိမ်း
ဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် တင် ပြသွားမည်
ဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။
.
၃၂။ မိုးမိတ်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၁)မှ ဒေါ်ရီရီဝင်းက “မိုး မိတ်နှင့် မဘိမ်းမြို့နယ် အကြား ရွှေလီမြစ်အတွင်းရှိ
ရေနေသတ္တ ဝါများ မျိုးသုဉ်းခြင်း၊ ရေသယံဇာတ ပျက်စီးခြင်း မဖြစ်ပေါ်စေရန် မည်သို့
စီစဉ်ဆောင်ရွက်ပေးမည်”ကို သိရှိလိုကြောင်း မေးခွန်း နှင့် ပတ်သက်၍ ပြည်နယ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က အဆိုပါ
မြစ်အတွင်း ရေချိုလုပ်ငန်း ဥပဒေနှင့် အညီ နှစ်စဉ် အပိုင်းအလိုက် အင်း လေလံ တင်
ရောင်းချ၍ အင်း ရေရှည်တည်တံ့ရေး အတွက် ငါးမျိုးစိုက် ထည့် ခြင်းများကို
ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၃၃။ တပ်မတော်သား
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး အောင်သူခိုင်က “လားရှိုးမြို့၌ ဆိုင်ကယ်
မောင်းနှင် စီးနင်း သူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်ခြင်း စည်းကမ်း လိုက်နာစေ ရေး
မည်ကဲ့သို့ ဆောင်ရွက်ပေးနသည်ကို သိရှိလိုကြောင်း” မေး ခွန်းနှင့် ပတ်သက်၍ ပြည်နယ်
လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန် ကြီး ဗိုလ်မှူးကြီးလှဦးက အသိပညာ ပေးခြင်း၊ အရေးယူခြင်း
များကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လားရှိုးမြို့တွင် ၂၀၁၅ ခုနှစ်မှ ယနေ့
ကာလအထိ စည်းကမ်းပျက်ယာဉ် ၅၇၀ မှု အား အရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း
ပြန်လည်ဖြေကြားခဲ့ သည်။
.
၃၄။ မိုင်းဖြတ်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးအားကိုက
“မိုင်းဖြတ်မြို့နယ်၊ အိုက်လုံနှင့် အိုက်ငို့ ကျေးရွာအုပ်စု များရှိ Telenor
တာဝါတိုင်အား ပြန်လည် ပြုပြင် ပေးရန်” မေးခွန်းအား ပြည်နယ်
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးက ယင်းတာဝါတိုင်မှာ စတင် ဆောက်လုပ်
စဉ်ကတည်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လျှပ်စစ်မီး မရရှိသည့်အတွက် ဝန်ဆောင်မှု
ရပ်ဆိုင်းခဲ့ရပါကြောင်း၊ ဆိုလာ ကဲ့သို့သော အခြား စွမ်းအင် တစ်မျိုးမျိုးဖြင့်
ဆက်လက် ဝန် ဆောင်မှု ပေးနိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာ နသို့
ဆက်လက်ညှိနှိုင်း တင်ပြထားရှိပြီး ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၃၅။ မိုင်းပျဉ်းမြို့နယ်မဲဆန္ဒနယ်အမှတ်
(၂) မှ ဦးစိုင်းလှဝင်းက “မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့ မီးလင်းရေး လုပ်ငန်း
ဆောင်ရွက် ပေးနေမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်လျှပ်စစ်၊ စွမ်း
အင်နှင့် စက်မှု ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ က ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ်တွင်
တင်ပြထားပြီး တစ်စိုက်မတ်မတ် ကြိုစား ဆောင် ရွက် ပေးသွားမည် ဖြစ်ကြောင်း
ပြန်လည်ဖြေကြားခဲ့သည်။
.
၃၆။ လွိုင်လင်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၁)မှ ဦးခွန်ဒီဂေါလ်က “လွိုင်လင်မြို့နယ်၊ နားယန်းကျေးရွာ အုပ်စု၊
အလက(ခွဲ) ကျူစန်း လောင်းတွင် ပညာရေး ဝန်ထမ်းများ ဖြည့်ဆည်းပေးနိုင်ရေး”
မေးခွန်းအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဆရာမ ၂ ဦး ခန့်ထားရန် စီမံ
ထားရှိပါကြောင်း ပြန်လည် ဖြေ ကြားခဲ့သည်။
.
၃၇။ ဆက်လက်ပြီး
ဦးခွန်ဒီဂေါလ်က “လွိုင်လင်မြို့နယ်၊ တောင် နောက် ကျေးရွာအုပ်စု၊ မူလတန်းလွန်
လွတ်မွတ် (မိုင်းပွန်) ကျောင်းဆောင်ဟောင်းအား ပြန်လည် ပြုပြင်မွမ်းမံပေးရန်” မေး
ခွန်းကို ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက
စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
.
၃၈။ ပင်းတယမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ဦးညီညီ (ခ) ဦး ညီလေးချမ်းက “ပင်းတယမြို့နယ်၊ မဲနယ်တောင်
ကျေးရွာအုပ် စု၊ ပင်းလေးအင်းကျေးရွာ ရေရရှိရေးအတွက် သိမ်ကုန်း ကျေးရွာ အုပ်စု၊
တောင်တန်းပေါ်ရှိ နွဲ့ရည်ဦး ရေထွက်မှ ရေသွယ်ယူပေး ရန်” မေးခွန်းအား
ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် က
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ဦးစားပေး စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်
လည် ဖြေကြားခဲ့သည်။
.
၃၉။ ဆက်လက်ပြီး
ဦးညီညီ (ခ) ဦးညီလေးချမ်းက “COVID-19 ရောဂါအလွန်တွင်
ရှမ်းပြည်နယ် ပြည်သူလူထု၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက်
စီမံ ဆောင်ရွက် ပေးမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ် လူမှုရေးဝန်ကြီး
ဒေါက်တာမျိုးထွန်းက COVID-19 နှင့် ပတ် သက်၍
ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက် နာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း
ပြန်လည်ဖြေကြားခဲ့ပြီး ပြည် နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က
ခရီးသွား လုပ်ငန်း မြှင့်တင်မှု ဆောင်ရွက်သွားရန် ရှိကြောင်း၊ သင့်တင့် သော
နည်းပညာများကို တစ်ဦးချင်း ဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ၊ Call Center မှ ဖြစ်စေ၊ Social Media မှဖြစ်စေ မျှဝေပေးသွား မည်
ဖြစ်ကြောင်းနှင့် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး
ဦးစိုင်းလုံကျော်က မွေးမြူရေး ကဏ္ဍတွင် ယခင် နှစ်ထက် ၂ ဆ ဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်း၊ ကျေး လက်နေ ပြည်သူများ ဝင်ငွေရရှိစေရေးအတွက် Cash for Work စီမံကိန်းကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကဏ္ဍအ လိုက် အသီးသီး
ပြန်လည် ဖြေကြားခဲ့သည်။
.
၄၀။ မဘိမ်းမြို့နယ်
မဲဆန္ဒနယ်အမှတ် (၁) မှ ဦးမောင်ညိုက “မဘိမ်းမြို့နယ်၊ ကုန်းမခံကျေးရွာအုပ်စု
နယ်နိမိတ် အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားရယူခြင်း”
နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်
ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်က ပုံစံ (၆)ဖြင့် ကြော်ငြာကပ်ထားပြီး
သတ်မှတ်ထားသော အချိန်၌ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး
ဥပဒေဖြင့် ပြန်လည် သိမ်း ယူသွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၄၁။ ရွာငံမြို့နယ်
မဲဆန္ဒနယ်အမှတ် (၁)မှ ဦးအေးမင်းစိုးက “ရွာငံမြို့နယ်၊ သိမ်ကုန်း ကျေးရွာအုပ်စု၊
အင်းကြီးကျေးရွာတွင် အားကစားကွင်း ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်း
မေးမြန်းရာ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ၂၀၂၁-၂၀၂၂
ဘဏ္ဍာရေးနှစ်တွင် လျာထားပေးပြီးဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၄၂။ နမ့်စန်မြို့နယ်
မဲဆန္ဒနယ် အမှတ် (၁)မှ ဦးလင်းအောင်ဆွေ က “နမ့်စန်မြို့နယ်တွင် ဟိုတန့်ရေထွက်
အပါအဝင် လွိုင်လင် တောင်ကြောတစ်လျှောက် ရေထွက်တော ဝန်းကျင်ရှိ သစ်တော များကို
အတားအဆီးမဲ့ တောင်ယာ ခုတ်ထွင်နေခြင်း”များနှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က
သစ်တောဦးစီးဌာနမှ ကွင်းဆင်း စိစစ်ဆောင်ရွက်ပြီး သစ်တော ဥပဒေနှင့် အညီ ကာကွယ်
ထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ် ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၄၃။ ကျောက်မဲမြို့နယ်
မဲဆန္ဒနယ်အမှတ် (၁) မှ ဦးစိုင်းထွန်းဝင်း (ခ) စိုင်းနော်ခမ်းက
“ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်
စိစစ်ရေးကော်မတီမှ မူလမြေ ပိုင်ရှင်များထံ အမှုပိတ်သိမ်းကြောင်း
ပြန်ကြားလာမှု”နှင့် စပ် လျဉ်းသည့် မေးခွန်းအား ပြည်နယ် စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က မူလ မြေပိုင်ရှင်များ နစ်
နာမှု မရှိစေရေး အတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခံရမှု
ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ ချမှတ်ထား သည့် မူဝါဒလုပ်ငန်းစဉ် ၅၂ ချက်နှင့်အညီ
စိစစ်ဖြေရှင်း ဆောင် ရွက်ပေးလျက် ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၄၄။ တပ်မတော်သား
ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဟန်လင်းထွန်းက “တောင်ကြီး မြို့နယ်၊
အောင်သပြေ အခြေခံပညာ အထက်တန်းကျောင်း၏ (၁၅၀x၃၀x၂၄) ပေ အုတ် ညှပ် ၂ ထပ်ကျောင်း ဆောင်အား အသစ်ပြန်လည် တည်ဆောက် ပေးရန်”
မေးခွန်းအား ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုး ထွန်းက ၂၀၂၁-၂၀၂၂
ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအဖြစ် လျာ ထားပြီး ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၄၅။ ပင်းတယမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ဦးညီညီ (ခ) ဦးညီလေးချမ်းက “ရွာငံမြို့နယ်ရှိ ကျောက် ခေတ်
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သော ပြဒါးလင်းဂူ (၁)နှင့် (၂) တို့ အား
မပျက်စီးစေရေး ထိန်းသိမ်း စီမံဆောင်ရွက်ပေးနေမှု” နှင့် စပ်လျဉ်းသည့် မေးခွန်းအား
ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးစိုးညွန့်လွင်က ၂၀၁၂ ခုနှစ်မှ စတင်၍
ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်း ကာကွယ်ရေး အတွက် ဝန်ထမ်း ၂ ဦး ဖြင့်
ထိန်းသိမ်းခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဘဏ္ဍာငွေ ကျပ် ၃ သန်း၊ ၂၀၁၉-၂၀၂၀
ဘဏ္ဍာနှစ်တွင် ကျပ် ၈ ဒသမ ၁ သန်းဖြင့် ထိန်းသိမ်းရေး ဆောင်ရွက်ခဲ့ကြောင်း၊
ထိန်းသိမ်းရေး အတွက် နိုင်ငံတော် ဒုတိယ သမ္မတထံ ပြန်လည် တင်ပြသွားမည်ဖြစ် ကြောင်း
ပြန်လည်ဖြေကြားခဲ့သည်။
.
၄၆။ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ
ဦးစိုင်းလှဝင်းက “မိုင်းပျဉ်းမြို့နယ်၊ ပန်ဝိုင်၊ ယမ်းခမ်း၊ ပန်နောင်လုံ
ကျေးရွာအုပ် စု အတွင်းရှိ ကျေးရွာ ၁၃ ရွာတွင် စိမ့်စမ်းရေ သွယ်ယူခြင်းနှင့် ဆက်စပ်
လုပ်ငန်းများ ဆောင်ရွက်ပေးရန်” မေးခွန်းအား ပြည် နယ်စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်း လုံကျော်က ငွေကျပ် သန်း ၃၀
ကုန်ကျမည်ဖြစ်ပြီး လျာထားပြီး ဖြစ်ကြောင်း၊ ဦးစားပေး ရန်ပုံငွေဖြင့် လျာထား
တင်ပြဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၄၇။ ကျောက်မဲမြို့နယ်မဲဆန္ဒနယ်အမှတ်
(၂) မှ ဦးစိုင်းထွန်း ဉာဏ်က “ရှမ်းပြည်နယ်တွင် သဘာဝသယံ ဇာတ တူးဖော်ရေး
လုပ်ကွက်သစ်များအတွက် ဒေသခံပြည်သူများနှင့် ဒေသခံလွှတ် တော်ကိုယ်စား လှယ်များ၏ သဘော
တူညီမှု ပြည်နယ် အစိုးရ မှ သဘောထား မှတ်ချက်ပေးရန်” မေးခွန်းအား ပြည်နယ် သယံ
ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက် တာ ညီညီအောင်က
မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများ တွင် ပြဌာန်းထားခြင်း မရှိသေးသော်လည်း
လုပ်ကွက်သစ်များ လျှောက်ထားရာတွင် သက်ဆိုင်ရာ ကုမ္ပဏီအနေဖြင့် ဒေသခံ များ၊
သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် ကြိုတင် ဆွေးနွေး
ညှိနှိုင်းစေခြင်းကို ဆောင်ရွက်စေလျက်ရှိကြောင်း ပြန် လည် ဖြေကြားခဲ့သည်။
.
၄၈။ ကလောမြို့နယ်မဲဆန္ဒနယ်အမှတ်
(၂) မှ ဦးသန်းထိုက်က “ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၄ နှစ်တာ ကာလအတွင်း ၂၀၁၂ ခုနှစ်
လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများနှင့် မညီဘဲ ထုတ်ပေး ထားသော လယ်ယာမြေ လုပ်ပိုင်ခွင့်
လက်မှတ် ပုံစံ (၇) များနှင့် ထုတ်ပေးထားသူများကို မည်သို့ ဆောင်ရွက်နေသည်ကို သိရှိ
လိုကြောင်း”မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေး မြူရေးနှင့်
ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လယ်ယာမြေ လုပ်ပိုင်ခွင့် ဖြေရှင်းခြင်းနှင့်
ပတ်သက်၍ လားရှိုးမြို့နယ်တွင် အ များဆုံးဖြစ်ကြောင်း၊၂၀၁၉ ခုနှစ် လယ်ယာမြေဥပဒေ ၊
နည်းဥပ ဒေနှင့် မညီသည့် သတ်မှတ်ပုံစံ (၇)များကို တောင်ကြီးခရိုင် ရပ်
စောက်မြို့နယ် တွင် ၂ ခု ၊ ဖယ်ခုံမြို့နယ်တွင် ၅ ခု နှင့် လွိုင်လင် ခရိုင်တွင် ၁၃
ခု တို့ကို ပယ်ဖျက်ထားပြီးဖြစ်ကြောင်း၊ လယ်ယာ မြေ ဥပဒေ ၊ နည်းဥပဒေများနှင့် မညီဘဲ
ထုတ်ပေးထားသော လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇)များ ထုတ်ပေးမှု ကြောင့်
အရေးယူ ခံရသည့် ဝန်ထမ်း ၆ ဦးနှင့် အမှုတွဲ ၄ တွဲ ရှိ ကြောင်း ပြန်လည်
ဖြေကြားခဲ့သည်။
.
ဥပဒေ (မူကြမ်း) ဆွေးနွေးအတည်ပြုခြင်း
.
လွှတ်တော်အစည်းအဝေး စတုတ္ထနေ့တွင် ရှမ်းပြည်နယ်
အစိုးရအဖွဲ့မှ တင်သွင်းသော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရှမ်း ပြည်နယ်၏ နောက်ထပ်
ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ (မူ ကြမ်း)နှင့် ပတ်သက်၍ ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်း (မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်-၂)၊
တပ်မ တော်သား ကိုယ်စားလှယ် ဗိုလ်မှူး စိုင်းမင်းထွန်း၊ ဘဏ္ဍာငွေ စိ စစ်ရေး
ကော်မတီမှ ဦးခင်မောင်တင့်တို့က အကြံပြု ဆွေးနွေး ခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို
ရယူကာ အတည်ပြုခဲ့ ကြောင်း သိရသည်။
.
အဆိုများ တင်သွင်းဆွေးနွေးခြင်း
.
ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ
ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးညီညီ (ခ) ဦးညီလေးချမ်းက “ဓနုကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ်၊ မိုင်းလီ ကျေးရွာအုပ်စု နှင့် အင်းငယ်
ကျေးရွာအုပ်စုတို့အား ပေါင်း၍ မိုင်းလီကျေးရွာအုပ်စု တိုးမြှင့်
သတ်မှတ်ပေးရန်နှင့် မိုင်းအင်ကျေးရွာအား မိုင်းအင်မြို့ အဖြစ် အဆင့်တိုးမြှင့်
သတ်မှတ်ပေး ရန်” ရှမ်းပြည်နယ် အစိုးရ သို့ တိုက်တွန်းကြောင်းအဆို တင်သွင်းရာ
လွိုင်လင်မြို့နယ်မဲဆန္ဒ နယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီ
ဂေါလ်က ထောက်ခံ ဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ် ကို ရယူရာ ထောက်ခံသူ
အရေအတွက် ထက်ဝက်မကျော်သဖြင့် အဆိုကို လွှတ်တော်မှတ်တမ်း အဖြစ်သာ ထားရှိရန်
ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။
.
အလားတူ မိုင်းယန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)
မှ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်းက “ရှမ်းပြည်နယ် အတွင်းရှိ
မြို့နယ်အသီးသီးတွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုး ခြင်း လုပ်ငန်းများ
လျှော့ချနိုင်ရေးနှင့် စနစ်တကျ တောင်ယာ စိုက်ပျိုးခြင်းလုပ်ငန်းများ
ဖြစ်စေရေးတို့ကို စီမံချက်များ ချမှတ် အကောင်အထည် ဖော်ပေးရန် တိုက်တွန်းကြောင်း”
အဆိုတင် သွင်းရာ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဦးစိုင်းလှဝင်း နှင့်
နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဒေါ်နန်းစံဟွမ်တို့က ထောက်ခံဆွေးနွေးပြီး
လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကာ အဆိုအား အတည်ပြုခဲ့ကြောင်း သိရသည်။
.
အစီရင်ခံစာများ ဖတ်ကြားတင်သွင်းခြင်း
.
ဒုတိယအကြိမ်
ရှမ်းပြည်နယ်လွှတ်တော်(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် ရှမ်းပြည် နယ်
တရားလွှတ် တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ရှမ်းပြည်နယ်တရား လွှတ်တော်၏ ၂၀၁၉
ခုနှစ် တစ်နှစ်တာ အတွင်း လုပ်ငန်းဆောင် ရွက်မှု အခြေအနေများအား လွှတ်တော်သို့
ဖတ်ကြားတင်သွင်းခဲ့ သည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
သက်တမ်းအတွင်း ပုံမှန်အစည်းအဝေး ၁၉ ကြိမ်၊ အရေးပေါ် အစည်းအဝေး ၄ ကြိမ်၊ အထူး
အစည်းအဝေး ၂ ကြိမ်၊ စုစုပေါင်း လွှတ်တော် အစည်းအ ဝေး ၂၅ ကြိမ်
ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ အဆို ၅၉ ခု ဆွေးနွေး အတည်ပြုနိုင်ခဲ့ပြီး
ကြယ်ပွင့်ပြမေးခွန်း ၁၀၅၂ ခု မေးမြန်းခြင်း၊ ဖြေကြားခြင်းများကို
ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment