ရှမ်းလွှတ်တော် (၁၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းရန် မေးခွန်း ၇၀ ကျော် တင်ပြထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းလွှတ်တော် (၁၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းရန် မေးခွန်း ၇၀ ကျော် တင်ပြထား


စုလှိုင်
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို လာမည့် ဇွန်လ ၂၂ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် မေးမြန်းရန် လွှတ်တော်ကိုယ်စားလှယ်များမှ ကြယ်ပွင့်ပြ မေးခွန်း ၇၀ ကျော် တင်ပြထားသည်ဟု သိရသည်။
.
 
.
“မေးခွန်း အဆို ၇၀ လောက်ရှိတယ်။ မေးခွန်း ၅၄ ခုကို အစိုးရအဖွဲ့ကို ပို့ထားပြီးပြီ။ မေးခွန်းများပါတယ်။ အဆိုကတော့ နည်းတယ်” ဟု ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ (၁၉) ကြိမ်မြောက် ရှမ်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ၏ ဇွန်လ ၁၂ ရက်စွဲပါ ညွှန်ကြားစာအရ လွှတ်တော်လေ့လာရေး အဖွဲ့များကို တက်ရောက်လေ့လာခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။
.
"ဒေသန္တရ ဗဟုသုတဆိုပြီး တစ်ချို့ကျောင်းသားတွေ၊ အဖွဲ့အစည်းတွေ လာလေ့လာတာရှိတယ်။ အခု Social Distancing အရ အပေါ်ထပ်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ ထားထားတော့ နေရာမရှိတော့လို့ ဖြစ်ပါတယ်” ဟု ဦးစဝ်အောင်မြတ်က ဆက်လက်ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ လွှတ်တော်အစည်းအဝေး ကျင်းပရာတွင် COVID -19 ကပ်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့်တစ်ဦးအကြား ၆ ပေခြားစီဖြင့် အောက်ထပ်နှင့် အပေါ်ထပ်တို့တွင် နေရာချသွား ပေးမည်ဖြစ်သဖြင့် လေ့လာရေးအဖွဲ့များအတွက် နေရာချထားပေးနိုင်မှု မရှိခြင်းဖြစ်ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သက်တမ်းအတွင်း ပုံမှန်အစည်းအဝေး ၁၈ ကြိမ်၊ အရေးပေါ် အစည်းအဝေး ၄ ကြိမ်နှင့် အထူးအစည်းအဝေး ကြိမ် စုစုပေါင်း လွှတ်တော် အစည်းအဝေး ၂၄ ကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats