ဆီဆိုင်ရှိ တပ်သိမ်းမြေ အငြင်းပွားမှုနှင့် ပတ်သက်၍ ရပခ တိုင်းမှူး၏ လာရောက် တွေ့ဆုံမှုအပေါ် တောင်သူများက အားရ ကျေနပ်ခြင်း မရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, June 8, 2020

ဆီဆိုင်ရှိ တပ်သိမ်းမြေ အငြင်းပွားမှုနှင့် ပတ်သက်၍ ရပခ တိုင်းမှူး၏ လာရောက် တွေ့ဆုံမှုအပေါ် တောင်သူများက အားရ ကျေနပ်ခြင်း မရှိ

စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ် အတွင်းရှိ တပ်မတော်မှ သိမ်းဆည်းထားသည့် မြေဧက ၂၂၀၀ နှင့် ပတ်သက်၍ ဇွန်လ ၄ ရက်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ဆီဆိုင်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် တောင်သူများနှင့် လာရောက် တွေ့ဆုံ ညှိနှိုင်းမှုများ ပြု လုပ်ခဲ့ရာ တိုင်းမှူး၏ ပြောဆိုမှုကို တောင်သူများက အားရ ကျေနပ်ခြင်း မရှိကြောင်း သိရသည်။
.

.
ထိုသို့ တွေ့ဆုံ ညှိနှိုင်းမှုများ ပြု လုပ်နေချိန်တွင် ပုဂ္ဂလိက သတင်း မီဒီယာများအား အစည်းအဝေးခန်းမ အတွင်းသို့ ဝင်ရောက် သတင်းရယူခွင့် မပြုခဲ့ဘဲ ဆွေးနွေးမှု အပြီး၌ တောင်သူများကို မေးမြန်းရာတွင် တောင်သူများက ယင်းကဲ့သို့ ပြောဆို ခဲ့ခြင်း ဖြစ်သည်။
.
တောင်သူတွေက စိုက်တဲ့ အချိန် ရောက်ပြီ။ မစိုက်ရဘူးဆိုရင် ဒုက္ခ ရောက်ကုန်မှာပေါ့။ မစိုက်ရဘူးဆိုရင် ဒီတောင်သူတွေရဲ့ စားဝတ်နေရေး က ဘယ်လိုလုပ်ရမှာလဲ။ ငြိမ်းချမ်း နေတဲ့ နယ်မြေက မငြိမ်းချမ်းတဲ့ နယ် မြေ ဖြစ်လာမှာကို တောင်သူတွေက စိုးရိမ်နေတယ်။ တိုင်းမှူးရဲ့ ပြောဆိုမှု ကို ကျေနပ်အားရမှုတော့ သိပ် မရှိပါ ဘူး” ဟု ဆီဆိုင်မြို့နေ လယ်ယာမြေ သိမ်းဆည်းခံရသည့် တောင်သူ တစ် ဦးက ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ထို့အတူ ဆီဆိုင်မြို့နယ်၊ ထီမန်း ကျေးရွာနေ ဒေသခံ တစ်ဦးကလည်း “မိသားစုနဲ့ သွားတော့ စစ်တပ်က မောင်း ထုတ်တာ ခံရတယ်။ ပေးမ စိုက်ဘူး။ ယူနီဖောင်းတွေ၊ သေနတ် တွေနဲ့ လာတယ်။ စက်တွေကို သိမ်း တယ်။ ဒါကြောင့် စက်တွေကို ရဲစခန်း ကို ပို့ပေးရတာပါ။ မိုး ကျပြီဆိုတော့ တောင်ယာ သီးနှံတွေကို မိုးရေအား ကိုးနဲ့ စိုက်ရတာပါ။ ဒါကြောင့်ရှိတဲ့ ပေါက်ပြားနဲ့ ထွန်တုံးနဲ့ သွားစိုက်တာ ပါ။ တွေ့ဆုံညှိနှိုင်းမှုကိုတော့ အား ရမှု မရှိပါဘူး”ဟု ပြောသည်။
.
တွေ့ဆုံမှုတွင် တပ်မတော်ဘက် က လက်ရှိ အငြင်းပွားမှု ပြဿနာကို မဆုံးဖြတ်သေးမီ ကာလအတွင်း သိမ်းဆည်းခံ မြေယာများပေါ်၌ နှစ် ဘက်လုံးမှ ထွန်ယက် စိုက်ပျိုးခြင်း မပြုရန် ပြောဆိုခဲ့သော်လည်း တောင် သူများ အနေဖြင့် စားဝတ်နေရေး အတွက် မဖြစ်မနေ စိုက်ပျိုးရန် လို အပ်ခြင်းကြောင့် အဆိုပါ ညှိနှိုင်း ဆုံးဖြတ်မှုကို ကျေနပ်မှု မရှိဘဲ ဖြစ် နေကြောင်း သိရသည်။
.
ယင်း သိမ်းဆည်းခံ မြေများကို ၁၉၉၂ ခုနှစ်မှ စတင်၍ တပ်မတော်က သိမ်းဆည်းခဲ့ခြင်း ဖြစ်ပြီး ယနေ့ချိန် အထိ မည်သည့် စီမံကိန်းမျှ အကောင် အထည်ဖော်မှု မရှိသေးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats