ဆီဆိုင်တွင် ဖြစ်ပေါ်နေသည့် တပ်သိမ်းမြေအငြင်းပွားမှုနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, June 4, 2020

ဆီဆိုင်တွင် ဖြစ်ပေါ်နေသည့် တပ်သိမ်းမြေအငြင်းပွားမှုနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ တပ်မတော်မှ သိမ်းဆည်းထားသည့် စုစုပေါင်း မြေဧက ၂၂၀၀ နှင့် ပတ်သက်၍ ယနေ့ ဇွန်လ ၄ ရက်၊ နံနက် ၈ နာရီမှ စတင်၍ ဆီဆိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ နှစ်ဘက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
.


.
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ တာဝန်ရှိသူများ၊ မြေသိမ်းဆည်းခံ တောင်သူများ တက်ရောက်ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှုကို ပုဂ္ဂလိက သတင်းမီဒီယာများအား ဝင်ရောက်သတင်းရယူခွင့် မပြုကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက တားမြစ်ထားသည့်အတွက် လတ်တလောတွင် ဆွေးနွေးမှု အခြေအနေများကို မသိရှိရသေးချေ။
.

No comments:

Post a Comment

Journal Download

Photo of three cats

About