ဟဲဟိုးမြို့ဝင် ဆိုင်းဘုတ်အနီးတွင် ပုပ်ပွသေဆုံးနေသော အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟဲဟိုးမြို့ဝင် ဆိုင်းဘုတ်အနီးတွင် ပုပ်ပွသေဆုံးနေသော အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိ

မင်းဇော်မင်း

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့အဝင် ဆိုင်းဘုတ်အနီးတွင် ဇွန်လ ၁၀ ရက်၊ ညနေပိုင်းက ပုပ်ပွသေဆုံးနေသော အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

ဟဲဟိုးမြို့အဝင် ဆိုင်းဘုတ်အနီး၊ ဟဲဟိုး-တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၅/၆) နှင့် (၉၅/၇) အကြား၊ လမ်း၏ယာဘက်ခြမ်းရှိ ၁၀ ပေခန့်နက်သော ချောက်အတွင်း ဇွန်လ ၁၀ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က လူသေအလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းပေးပို့လာချက်အရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူမှာ အသက် ၄၀ ခန့်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်း၏ လက်ယာဘက် လက်ကောက်ဝတ်တွင် GP အမျိုးအစား ရွှေရောင် လက်ပတ်နာရီတစ်လုံးဝတ်ဆင်ထားကာ ဝဲဘက်လက်ကောက်ဝတ်တွင် ဖန်စီဟန်းချိန်းအား ဝတ်ဆင်ထားကြောင်း တွေ့ရပြီး ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာမတွေ့ရှိရသလို အနီးအနားတွင်လည်း အခြားပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိရကြောင်း သိရသည်။

.

“သေသူရဲ့ ဓါတ်ပုံနဲ့ သူဘယ်သူဆိုတာ စုံစမ်းနေပါတယ်။ လူပျောက်တိုင်တာတွေလည်း စစ်ဆေးနေပါတယ်။ လောလောဆယ်တော့ သေမှုသေခင်းဖွင့်ပြီး ဆောင်ရွက်နေပါတယ်” ဟု ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ အမည်မသိအမျိုးသမီးသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် ဟဲဟိုးနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၄/၂၀၂၀)ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိပြီး သေဆုံးသူ၏ အမည်၊ လိပ်စာ စုံစမ်းခြင်း၊ ဓာတ်ခွဲနမူနာရယူခြင်းများ ဆောင်ရွက်လျက်ရှိကာ ဆရာဝန်၏ခန့်မှန်းချက်တွင် သေဆုံးသူမှာ လွန်ခဲ့သည့် တစ်ပတ်ခန့်ကတည်းက သေဆုံးနေသည်ဟု ထင်မြင်ယူဆကြောင်း သိရသည်။

.

Journal Download

Photo of three cats