ရှမ်းပြည်နယ်အတွင်း H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ မရှိ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, June 25, 2020

ရှမ်းပြည်နယ်အတွင်း H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ မရှိ

စုလှိုင်
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၃ ဦး တွေ့ရှိထားသော်လည်း ရှမ်းပြည် နယ် အတွင်း၌ ရောဂါ ဖြစ်ပွားသူ မရှိသေးကြောင်း သိရသည်။
.
 
.
ဒီနှစ်တော့ ရှမ်းတောင်မှာ မရှိ သေးပါဘူး” ဟု ရှမ်းပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်က ပြောသည်။
.
အလားတူ ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာ နမှူး ဒေါက်တာမြင့်ကျော်ကလည်း "H1N1 ဖြစ်တဲ့သူ ၁၀ မြို့နယ်လုံးမှာ သတင်းပေးပို့မှု မရှိသေးပါဘူး။ တောက်လျှောက် သတင်းပေးပို့စောင့် ကြည့် တဲ့စနစ် ရှိပါတယ်။ အသက်ရှူ လမ်းကြောင်းက ကူးတဲ့ ရောဂါဆို တော့ ထူးထူးခြားခြား ပြောစရာတော့ မရှိ ပါဘူး။ COVID-19 ရောဂါနဲ့ ကာကွယ်နည်းလမ်း အတူတူပါပဲ”ဟု ပြောဆိုခဲ့သည်။
.
ထို့အပြင် ရှမ်းပြည်နယ်မြောက် ပိုင်းဒေသအတွင်း၌လည်း H1N1 ရာ သီတုပ်ကွေးရောဂါ ဖြစ်ပွားသူမရှိ သေး ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က အတည်ပြု ပြောဆိုခဲ့သည်။
.
ယခု နှစ်အတွင်း တစ်နိုင်ငံလုံး၌ ရာသီတုပ်ကွေးရောဂါ လူနာ ၁၃ ဦး တွေ့ရှိထားပြီး ၎င်းတို့အနက် A (H1N1) ဖြစ်ပွားသူ ၇ ဦး၊ A(H3N2) ဖြစ်ပွားသူ ၄ ဦးနှင့် Influenza B ဖြစ် ပွားသူ ၂ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ဗဟို ကူး စက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)