ကျောက်မဲမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ၁ ဦး သေဆုံးကာ၊ ၂ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, June 29, 2020

ကျောက်မဲမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ၁ ဦး သေဆုံးကာ၊ ၂ ဦး ဒဏ်ရာရ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာသို့ တိုက်ပွဲရှောင် ဒေသခံ ၂၀၀ ဦးခန့်  ဇွန်လ ၂၉ ရက် နံနက်ပိုင်းက ရောက်ရှိလာကြောင်းနှင့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးကာ၊ ဒဏ်ရာရသူ ၂ ဦး ရှိကြောင်း နောင်ပိန်အခြေစိုက် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းထံမှ သိရသည်။
.
တိုက်ပွဲ ဖြစ်ပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရလို့ သွား သယ်လာတာပါ သေတာက အမျိုးသား၊ ပန်ကျင်းရွာကပါ။ဒဏ်ရာ ရတာက ၂ ဦးပါ၊ အခုနောင်ပိန်ဆေးရုံကို ပို့နေပါပြီ။” ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ဦးနေအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ထို့အတူ နောင်ပိန်ဒေသခံ မနန်းစောကလည်း “ သူတို့တွေ (တိုက်ပွဲရှောင်) က ဆွေမျိုး ရှိတဲ့ အိမ်တွေမှာ နေသလို အခြားသူတွေကတော့ မြို့လယ် ဓမ္မာရုံမှာပါ၊ နံနက် ၁၀ နာရီလောက်က ရောက်တာပါဟု ပြောသည်။
.
နောင်ပိန်ကျေးရွာ၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိ ဟဲကွီရွာတွင် ဇွန်လ ၂၆ ရက်က RCSS မှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ တပ်မတော်နှင့် RCSS တို့အကြား စစ်ရေးတင်းမာမှု ဖြစ်ပေါ်ပြီးနောက် နေ့ (ဇွန်လ ၂၉ ရက်) နံနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ပြီး ကျည် ထိမှန်၍ ပန်ကျန်ရွာနေ အသက် ၅၈ နှစ်အရွယ် ဦးဆူ သေဆုံးခဲ့ပြီး ဦးမှာ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စစ်ရေး တင်းမာမှုကြောင့် နောင်ပိန်သို့ ဟဲကွီ၊ ရေဆန်၊ ပန်ကျန်၊ နမ့်ဟူး၊ နမ့်မိန်းရွာများမှ လူဦးရေ ၂၀၀ ကျော်သည် ထော်လာဂျီ ၃ စီးဖြင့် ဇွန်လ ၂၉ ရက် နံနက် ၁၀ နာရီခန့်တွင် နောင်ပိန်ရွာလယ် ဓမ္မာရုံတွင် ရောက်ရှိနေပြီး နမ့်ဖတ်ဘုန်းကြီးကျောင်းတွင်လည်း လူဦးရေ ၆၀ ခန့် တိုက်ပွဲရှောင် ရောက်ရှိနေကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်ညနေပိုင်းကလည်း ပန်လော့ ဘုန်းတော်ကြီးကျောင်းသို့ တိုက်ပွဲရှောင် လူဦးရေ ၂၀၀ ဦးခန့် ရောက်ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About