ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ရွေးကောက်ပွဲ ဝင်ရန် စီစဉ်နေ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, June 25, 2020

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ရွေးကောက်ပွဲ ဝင်ရန် စီစဉ်နေ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားလုံး လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေး ချယ်ခံရန် စီစဉ် ဆောင်ရွက်လျက်ရှိ သည်ဟု သိရသည်။
.
.
“အရင်က နိုင်ပြီးသားလူကို ထပ် ပြိုင်ခိုင်းတဲ့ သဘောပေါ့။ ၂၀၁၅ က တည်းက လူထုက ထောက်ခံလို့ မဲ ပေး ထားတာပေါ့။ နေရာတွေတော့ အပြောင်းအလဲ နည်းနည်းပါးပါး ရှိနိုင် တာပေါ့။ တစ်ထစ်ချတော့ ပြောလို့ မရသေးပါဘူး”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် ဦးစိုင်းဇော်ဇော်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
အလားတူ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ၊ ရှမ်းပြည်နယ်အတွင်း ရေးမှူး ဦးမောင်မောင်စိန် ကလည်း “လျှောက်လွှာတွေအားလုံး တင်လိုက် ကြပါပြီ။ အားလုံး ပြန်လည်ရွေး ကောက်ခံမှာ ဖြစ်ပါတယ်”ဟု ပြော ဆိုခဲ့သည်။
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် အ မျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်နယ်ဝန်ကြီး ၅ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည် နယ်ဝန်ကြီး ၃ ဦး ပါဝင်ကြောင်း သိရသည်။
.
လက်ရှိ ရရှိထားသော သတင်းများအရ ပြည်နယ် ၆ ခုမှ ပြည်နယ် ဝန်ကြီးချုပ်များ လာမည့်ရွေးကောက် ပွဲတွင် ပြန်လည် ပါဝင်ယှဉ်ပြိုင် အ ရွေးချယ်ခံသွား မည်ဖြစ်ပြီး သက်ဆိုင် ရာ မြို့နယ်ပါတီများမှတစ်ဆင့် အ ဆိုပြု လျှောက်လွှာများ တင်သွင်း ထားကာ ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ ကာလက အနိုင် ရရှိခဲ့ သည့် မဲဆန္ဒနယ်များမှ ပြန်လည်ယှဉ် ပြိုင်ရန် အဆိုပြုထားကြခြင်း ဖြစ်သည်ဟု သိရသည်။
.
အဆိုပါ ရွေးကောက်ပွဲ ဝင်ရောက် မည့် အခြေအနေနှင့် ပတ်သက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်အား ကမ္ဘောဇတိုင်းမှ ဆက် သွယ်မေးမြန်းရာတွင် ပြန်လည် ဖြေ ကြားခဲ့ခြင်း မရှိပေ။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)