မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ ထင်းရှူးတော ကြိုးဝိုင်း အတွင်း
ထင်းရှူးပင်များအား မီးရှို့ပြီး ထင်းရှူးဆီ ခိုးထုတ်မှုများ ရှိနေသည့်အတွက် ထိရောက်စွာ
အရေးယူနိုင်ရန် ပြည်သူလူထုမှ သတင်းပေး တိုင်ကြားခြင်းဖြင့် ပူးပေါင်း ပါဝင် ပေးစေလိုသည်ဟု
ရှမ်းပြည်နယ် သစ်တော ဦးစီးဌာနမှ ပြောဆိုခဲ့သည်။
.
“ထင်းရှူးပင် မီးရှို့ပြီး ထင်းရှူးဆီ
ထုတ်တဲ့သူတွေက ကျွန်တော်တို့ ဝန်ထမ်းတွေ မရောက်တဲ့ ညဘက်တွေ၊ မနက်အစောပိုင်းတွေမှာ လုပ်ကြ
တယ်လို့ သိထားရတယ်။ အဲဒီအချိန် မှာလည်း ပူးပေါင်းအဖွဲ့တွေနဲ့ လှည့် ကင်း ဆောင်ရွက်နေပါတယ်။
ဝန်ထမ်းအင်အား မလုံလောက်တဲ့အတွက် အချိန်ပြည့် မစောင့်ကြည့်နိုင်ဘူး။ ကျူးလွန်သူတွေကို
ဖမ်းဆီး ရမိ ရေးအတွက် သတင်းပေး တိုင်ကြားတာ ဖြစ်ဖြစ်၊ မှတ်တမ်းဓါတ်ပုံ ရိုက်ထားပေးတာ
ဖြစ်ဖြစ် ပူးပေါင်း ပါဝင် လုပ်ဆောင် ပေးစေလိုပါတယ်”ဟု ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး
ဦးခင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ထင်းရှူးပင်များအား မီးရှို့၍ ထင်းရှူးဆီ
ထုတ်ယူခြင်းကို ၂၀၁၈ ခုနှစ် သစ်တော ဥပဒေ ပုဒ်မ ၄၂ (က) အရ ထောင်ဒဏ် ၇ နှစ်အထိ သော်လည်းကောင်း၊
ဒဏ်ငွေ ၅ သိန်း မှ ၁၀ သိန်းကျပ် အထ ိသော်လည်းကောင်း၊ ဒဏ် ၂ ရပ်လုံး သော်လည်းကောင်း
ချမှတ်နိုင်ကြောင်း သိရသည်။
.
“အစ်မတို့ အရပ်ဘက်အဖွဲ့ အစည်းတွေက ထင်းရှူးပင်တွေ
မီးရှို့နေရင် ရှို့ပြန်ပြီ၊ ခုတ်ပြန်ပြီ ဒီလောက်ပဲ ပြောနိုင်တယ်။ ထိထိရောက်ရောက် အရေးယူဖို့က
ဥပဒေ ရှိပြီးသားလေ။ ဥယျာဉ်ခြံမြေတွေ လုပ်ထားတာ ရှိနေ ရင်လည်း ဖယ်ရှားခိုင်းရမယ်။ အဲဒီလိုမှ
ထင်းရှူးပင်တွေကို ထိထိရောက် ရောက် ကာကွယ်နိုင်မှာပါ”ဟု ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက်မှ
ဒေါ်ချယ်ရီကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၂၀၂၀ ပြည့်နှစ်အတွင်း တောင်ကြီးမြို့နယ် သစ်တောဦးစီးဌာန
အနေဖြင့် ထင်းရှူးဆီ သယ်ဆောင်လာသည့် မော်တော်ယာဉ် ၁ စီးနှင့် လူ ၁ ဦး တို့အား ဖမ်းဆီးအရေးယူခဲ့ကြောင်း
သိရသည်။
.
အဆိုပါ တောင်ကြီး ထင်းရှူးကြိုးဝိုင်း၏ အကျယ်အဝန်းမှာ
၁၂၅၅ ဧက ရှိပြီး ထင်းရှူးပင် စုစုပေါင်း ၁၅၁၈၅၅၀ ပင် စိုက်ပျိုးထားကာ သစ်တော ဦးစီးဌာနအနေဖြင့်
၁၉၈၅ ခု နှစ်မှ ယနေ့တိုင် ထိန်းသိမ်းစောင့် ရှောက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment