ကြက်သားနှင့် ငါး ဝယ်ယူစားသုံးမှု မြင့်တက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကြက်သားနှင့် ငါး ဝယ်ယူစားသုံးမှု မြင့်တက်


မင်းမင်း
.
ညောင်ရွှေမြို့နယ်အတွင်း ဝက် ကောင်ရေ ရာချီ သေဆုံးခဲ့သည့် အ တွက် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ အပါအဝင် ၁၀ မြို့နယ်တွင် ဝက်နှင့် ဝက်ထွက်ပစ္စည်းများအား တင်သွင်း/တင်ပို့ ရောင်းချခွင့် ပိတ် ထားသည့်အတွက် ကြက်သားနှင့် ငါး ဝယ်ယူ စားသုံးမှု မြင့်တက်လာ နေကြောင်း သိရသည်။
.
 
.
ညောင်ရွှေဘက်မှာ ဝက်ရော ဂါ ဖြစ်ပြီး သေလို့ ဝက်သားတင်ပို့ ရောင်းချခွင့် ယာယီ ပိတ်ထားတော့ စားသုံးသူတွေ အနေနဲ့ ကြက်သား၊ ငါးတွေ ဝယ်ယူစားသုံးမှု မြင့်တက် လာပါတယ်။ ဝက်တွေ ရောဂါမဖြစ် ခင်က ငါးဝယ်စားတဲ့သူ သိပ်မရှိဘူး။ အခုချိန်မှာ ငါးဝယ်သမား သိသိသာ သာ များလာပါတယ်”ဟု တောင် ကြီးမြို့တွင်း ငါးရောင်းချသူ မသဲသဲ က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အလားတူ ကြက်သားနှင့် ကြက် ဥရောင်းချမှု ဈေးကွက်တွင်လည်း  ရောင်းအား မြင့်တက်လာနေသည် ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
.
လက်ရှိ တောင်ကြီးမြို့၌ မွေးမြူ ရေးကြက်သား တစ်ပိဿာလျှင် ၈ဝဝဝ ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် ၆ဝဝ၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ လျှင် ၈ဝဝဝ ကျပ် ပေါက်ဈေး ရှိနေသည်ဟု သိရသည်။
.

Journal Download

Photo of three cats