ပြောင်း စိုက်ခင်းများတွင် (FAW)ငမြှောင်တောင်ပိုး ကျရောက်မှု မရှိစေရေး အတွက် ဟိုမုန်း ထောင်ချောက်များ တပ်ဆင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြောင်း စိုက်ခင်းများတွင် (FAW)ငမြှောင်တောင်ပိုး ကျရောက်မှု မရှိစေရေး အတွက် ဟိုမုန်း ထောင်ချောက်များ တပ်ဆင်

ခွန်အာကာ (ကျောက်တလုံး)
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့တွင် တောင်သူများ စိုက်ပျိုးလျက် ရှိသည့် အစေ့ထုတ်ပြောင်း စိုက်ခင်းများတွင် (FAW) ငမြှောင်တောင်ပိုး ကျရောက်မှု မရှိစေရေး အတွက် ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ  ဇွန်လ ၁၅ ရက်က ဟိုမုန်း ထောင်ချောက်များ ကွင်းဆင်း တပ်ဆင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.

တောင်သူများ စိုက်ပျိုးထားသည့် အစေ့ထုတ်ပြောင်း စိုက်ခင်းများတွင် ကျရောက်တတ်သော (FAW) ငမြှောင်တောင်ပိုး အန္တရာယ်မှ ကြိုတင် ကာကွယ်နှိမ်နှင်းနိုင်ရန်အတွက် အသိပညာ နည်းပညာများကို တောင်သူများအား ပညာပေး ရှင်းလင်း ပြောကြားခဲ့ပြီး  တောင်သူများအနေဖြင့် စိုက်ခင်းများတွင် ဖျက်ပိုး တွေ့ရှိပါက စိုက်ပျိုးရေးဦးစီးဌာနသို့ အကြောင်းကြားရန် ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေး ဦးစီးဌာန မြို့ဦးစီးမှူး ဦးမောင်မောင်မြင့်က ပြောဆိုခဲ့သည်။
.
ကျောက်တလုံးကြီးမြို့၊ နောင်ကားကျေးရွာအတွင်း စိုက်ပျိုးထားသည့် အစေ့ထုတ်ပြောင်း စိုက်ခင်းများတွင် FAW ငမြှောင်တောင်ပိုး ကျရောက်မှုကင်းထောက် စစ်ဆေးနိုင်ရန် ဟိုမုန်း ထောင်ချောက် (Pheromone trap) များကို ကျောက်တလုံးကြီးမြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်း၊ ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ကွင်းဆင်းတပ်ဆင် ဆောင်ရွက်ခဲ့ပြီး ကျောက်တလုံးကြီးမြို့ယခုနှစ်တွင် အစေ့ထုတ်ပြောင်း စိုက်ဧက ၃၃၄၆ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက် ရှိပြီး၊ ယခင်နှစ်တွင် ၃၄၂၇ ဧက ဖြစ်ထွန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats