အခြေခံပညာအဆင့် အောင်စာရင်းများအား ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အခြေခံပညာအဆင့် အောင်စာရင်းများအား ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်မည်


စုလှိုင်
.
အခြေခံပညာအဆင့် သူငယ်တန်းမှ နဝမတန်းအထိ ကျောင်းစစ်နှင့် အစိုးရစစ် စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
.
 
.
“ဇွန်လ ၁၃ ရက်မှာ အခြေခံပညာအဆင့် အောင်စာရင်း ထွက်မှာပါ။ အတန်းစုံပါပဲ” ဟု ရှမ်းပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အခြေခံပညာအဆင့် အတန်းအသီးသီး၏ စာမေးပွဲအောင်စာရင်းများကို နှစ်စဉ် ဧပြီလအတွင်း ထုတ်ပြန် ပေးနေခြင်း ဖြစ်သော်လည်း ယခုနှစ်တွင် COVID-19 ကပ်ရောဂါ ကူးစက်မှု အခြေအနေအရ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ဘဲ ယခု ဇွန်လ ၁၃ ရက်မှသာ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
.
အောင်စာရင်းများ ထုတ်ပြန်ပြီးနောက် အထက်တန်းအဆင့်များကို ဇူလိုင်လ ၂၁ ရက်တွင် ကျောင်းစတင်ဖွင့်လှစ်ရန် စီစဉ်ထားပြီး အထက်တန်းအဆင့် ဖွင့်လှစ်မှု အခြေအနေအပေါ် မူတည်၍ အလယ်တန်းနှင့် မူလတန်းအဆင့် များကိုလည်း ဆက်လက်ဖွင့်လှစ်သွားရန် ရှိနေကြောင်း သိရသည်။
.
အခြေခံပညာအဆင့် ကျောင်းစစ် KGGrade 1Grade 2Grade 3Grade 6 Grade 7Grade 8Grade 10 စာမေးပွဲများကို ပြီးခဲ့သည့် မတ်လ ၄ ရက်မှ ၁၀ ရက်အတွင်းက လည်းကောင်း၊ အစိုးရစစ် Grade 5 နှင့် Grade 9 တန်း စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၃ ရက်အတွင်းကလည်းကောင်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats