နေရေးထိုင်ရေး အခက်အခဲကြောင့် ၁၀ တန်း စာစစ်ဆရာ/ဆရာမအချို့ သတ်မှတ်စည်းကမ်း လိုက်နာမှုများ အားနည်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နေရေးထိုင်ရေး အခက်အခဲကြောင့် ၁၀ တန်း စာစစ်ဆရာ/ဆရာမအချို့ သတ်မှတ်စည်းကမ်း လိုက်နာမှုများ အားနည်းနေ

ထမံသီ

.

ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ စစ်ဆေးရန် ရောက် ရှိနေသော စာစစ် ဆရာ/ဆရာမ အချို့ သည် နေထိုင်ရေးအခက်အခဲကြောင့် ပညာရေးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်ကို လိုက်နာမှု အား နည်းပြီး အချို့မှာ ပြင်ပတွင် ညအိပ် နေထိုင်မှုများ ရှိနေကြောင်း သိရ သည်။

.

.

ပညာရေးဌာမှ ထုတ်ပြန်ထား သော စည်းကမ်းချက်များ အနက် သတ်မှတ်အဆောင်မှလွဲ၍ အခြား နေရာများတွင် သွားရောက်အိပ်စက် ခြင်းကို ခွင့်မပြုကြောင်း ပါရှိသော် လည်း နေထိုင်ရေး အခက် အခဲများ ကြောင့် ဆရာ/ဆရာမအချို့မှာ သတ် မှတ်အဆောင်တွင် ညအိပ်ခြင်း မပြု ဘဲ တောင်ကြီးမြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုးသားချင်း အိမ်များတွင် သွား ရောက် ညအိပ်စက်မှုများ ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

.

COVID-19 ကပ်ရောဂါ ကူးစက် မှုမှ ကာကွယ်နိုင်ရန်အတွက် စာစစ် ဆရာ/ဆရာမ များအား တစ်ခါသုံး Mask၊ တစ်ခါသုံး မျက်နှာအကာ၊ တစ် ခါသုံး လက်အိတ်နှင့် စားသောက် ရေး အတွက် ဆရာ/ဆရာမ တစ်ဦး လျှင် နံနက်စာ ကျပ် ၁၀၀၀ နှုန်းဖြင့် လည်းကောင်း၊ နေ့လယ်စာနှင့် ည စာအတွက်တစ်နပ်လျှင် ကျပ်၂၀၀၀ နှုန်းစီဖြင့်လည်းကောင်း ချက်ပြုတ် ကျွေးမွေးမည်ဖြစ်ပြီး သွားလာရေး အတွက် ဖယ်ရီကားများ စီစဉ်ထား ပေးကာ သတ်မှတ် အဆောင်များ တွင်သာ ညအိပ်ရန် ညွှန်ကြားထား ခြင်း ဖြစ်ကြောင်း သိရသည်။

.

သတ်မှတ်ထားတဲ့ တည်းခို ဆောင်နဲ့ ဆရာ/ဆရာမဦးရေ အချိုး အစား မညီမျှတာတွေ ရှိတယ်။ ဥပ မာ ၃ ယောက် နေရမယ့် အခန်းမှာ ၄ ယောက်နေရတော့ ကျပ်တယ်။ ဒါကြောင့် အနေချောင်အောင် မြို့ခံ ဆရာမတွေက အိမ်ပြန်အိပ်တဲ့ သ ဘော ဖြစ်ပါလိမ့်မယ်”ဟု အထက် တန်းပြ တစ်ဦးက ပြောသည်။

.

ထို့အတူ အခြား အထက်တန်းပြ ဆရာမတစ်ဦးကလည်း “မနက်စာ ကျွေးပြီးတိုင်း အပူချိန်တိုင်း၊ လက် ဆေးပြီးမှ စာစစ်ခန်းထဲ ဝင်ရမှာပါ။ ကျွန်မက တောင်ကြီးမြို့ပေါ်ကပါပဲ။ မလိုလို့ ပြောတာ မဟုတ်ပါဘူး။ ရက် တိုတိုပဲ ဆိုပေမဲ့ အစရှိရင် အနှောင်း ဖြစ်သွားမှာ စိုးလို့ပါ”ဟု ၎င်း၏အမြင် ကို ပြောဆိုခဲ့သည်။

.

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် တန်း စာမေးပွဲ အဖြေလွှာများအား ဇွန်လ ၅ ရက်မှ ၁၆ ရက်အထိ တောင် ကြီးမြို့ရှိ စာစစ်ဌာနတွင် စစ်ဆေးနေ ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်နှင့် ကယား ပြည်နယ်မှ ဆရာ/ဆရာမများကို တောင်ကြီးမြို့ရှိ ပြည်နယ် အားက စားနှင့် ကာယပညာ ဦးစီးဌာန၊ ပညာ ရေး ကောလိပ်၊ တောင်ကြီး တက္က သိုလ် (သံလွင်ဦးဆောင်)၊ ရှမ်းရိုးမ ဘော်ဒါဆောင်၊ အထက (၁/၂/၃/၄) နှင့် အလက ၁၅ တို့တွင် တည်းခိုရန် စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

.

Journal Download

Photo of three cats