COVID-19 ရောဂါ ထိန်းချုပ်နိုင်မှုအပေါ် မူတည်၍ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, June 9, 2020

COVID-19 ရောဂါ ထိန်းချုပ်နိုင်မှုအပေါ် မူတည်၍ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြော


မော်မော်
.
လက်ရှိဖြစ်ပွားနေသော COVID -19 ရောဂါ ထိန်းချုပ်နိုင်မှု အပေါ် မူ တည်၍ ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို ကြေညာသွားမည် ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဆိုခဲ့သည်။
.

.
၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒနယ်နှင့် မဲ ရုံများ သတ်မှတ်နိုင်ရေး လုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ဇွန်လ ၂ ရက် မှ ၄ ရက်အထိ နေပြည်တော်ရှိ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ရာ အစည်းအဝေး၌ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ယင်း ကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
အစည်းအဝေးတွင် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် အနေဖြင့် လက်ရှိ အချိန်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ COVID-19 ရောဂါနှင့် ပတ် သက်၍ ထုတ်ပြန်ထားသည့် ညွှန် ကြားချက်များနှင့် အညီ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေ ခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ တတိယအကြိမ် လွှတ်တော် သက် တမ်းအတွက် ပါတီစုံ ဒီမိုကရေစီအ ထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်း ကာလတွင် ကျင်းပပေးရမည် ဖြစ်ပါကြောင်း၊ ထို့ ကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် များအရ ဆောင်ရွက်သင့်သည့် လုပ် ငန်းများကို ကြိုတင် ပြင်ဆင်ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လက်ရှိဖြစ်ပေါ် နေသည့် COVID-19 ရောဂါ ထိန်း ချုပ်နိုင်မှုအပေါ်မူတည်ပြီး သတ်မှတ် ကြေညာသွားမည် ဖြစ်ပါကြောင်း ပြောဆိုခဲ့သည်။
.
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ရွေး ကောက်ပွဲများ ကျင်းပမှု အနေဖြင့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲကို မကျင်းပမီ ၂ လနှင့် ၂၄ ရက်အလိုတွင် ကြိုတင်အသိပေး ကြေညာနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲတွင် မကျင်းပမီ ၄ လ ကြိုတင် ကြေညာပေး နိုင်ခဲ့ ကြောင်း သိရသည်။
.
ထို့အပြင် လက်ရှိအချိန်တွင် COVID-19 ရောဂါ ဖြစ်စဉ်ကြောင့် ပြည်ပနိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံ များမှ မြန်မာ နိုင်ငံသားများနှင့် ရွှေ့ ပြောင်း အလုပ်သမားများသည် ၎င်း တို့၏ နေရာဒေသအသီးသီးသို့ ပြန် လည် ဝင်ရောက်လျက်ရှိပြီး ၎င်းမဲ ဆန္ဒရှင်များကို အခြေခံမဲ ဆန္ဒရှင် စာ ရင်းတွင် စိစစ် ထည့်သွင်းသွားရန် လိုအပ်ပါကြောင်း၊ တပ်မတော်သား များနှင့်အတူနေ အိမ်ထောင်စုဝင် များ၏ အခြေခံ မဲဆန္ဒရှင် စာရင်းရ ရှိရေးအတွက်ကိုလည်း ညှိနှိုင်း ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့နောက် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ရုံး ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲ ဆန္ဒနယ်များ၊ မဲရုံများ လျာထားသတ် မှတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်း လင်း တင်ပြခဲ့ကြောင်း သိရသည်။
.
အစည်းအဝေးသို့ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန် ရှိသူများ  တက်ရောက်ခဲ့သည်။
.
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုပြီးနောက် မြန် မာနိုင်ငံတွင် ပြည်လုံးကျွတ် ရွေး ကောက်ပွဲ ၂ ကြိမ်၊ ကြားဖြတ်ရွေး ကောက်ပွဲ ၃ ကြိမ်၊ စုစုပေါင်း ၅ ကြိမ်မြောက် ကျင်းပခဲ့ပြီး ဖြစ်ကာ ယင်းရွေးကောက်ပွဲများ အားလုံးတွင် ရှမ်းပြည်နယ်အတွင်းရှိ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းမှ ၄ မြို့နယ်နှင့် အထူးဒေသ (၄) မိုင်းလားမြို့နယ် များတွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ ယခုကျင်းပ မည့် ၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲတွင် ယင်း မြို့နယ်များ၌ ရွေးကောက်ပွဲ ကျင်းပ သွားဖွယ် ရှိနေကြောင်းသိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About