ရှမ်းပြည်နယ်ရှိ အခြေခံပညာ ကျောင်းများ၏ ကျောင်းဖွင့်ချိန်အား ပြည်နယ်အစိုးရမှ စီမံခန့်ခွဲ ခွင့် ရရန် တင်ပြထား

စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ၏ ကျောင်းဖွင့်ချိန် ကို ရှမ်းပြည်နယ်အစိုးရ၏ ကြီးကြပ် မှုဖြင့် စီမံခန့်ခွဲခွင့် ရရှိရန် ပညာရေး ဝန်ကြီးဌာနနှင့် ဇွန်လ ၁၀ ရက်က Video Conferencing ပြုလုပ်စဉ်တင် ပြ ဆွေးနွေးထား သည်ဟု သိရသည်။
.
.
“သူတို့ကဖွင့်မယ့် အစီအစဉ်က တော့ ပုံမှန် တက်ကျောင်း၊ တစ်ပတ် ခြားတက် ကျောင်းရယ် နောက်တစ် ခုက တစ်ပတ်ခြား ၂ သုတ်တက် ကျောင်း ဆိုပြီးတော့ ခွဲထားတာပေါ့။ အဲဒါ မျိုးက ညီမျှမှုမရှိဘူးလို့ ဆွေးနွေး ထားတယ်။ ဖြစ်နိုင်ရင် ကလေးတွေ ကိုတစ်ပုံစံထဲ ရစေချင်တယ်။ အဲဒါ ကို ဆွေးနွေးထားတာ အခုထိ အကြောင်း ပြန်မလာသေးပါဘူး”ဟု ရှမ်းပြည် နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှု ရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၂၀၂၀-၂၀၂၁ ပညာသင်နှစ် ရှမ်း ပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်း အထက်တန်းအဆင့်များကို ဇူလိုင် ၁၃ ရက်တွင် ကျောင်းအပ် စ တင်လက်ခံမည်ဖြစ်ကြောင်း အခြေခံ ညာရေးဦးစီးဌာန မှ သိရသည်။
.
ရှမ်းပြည်နယ်၌ ၂၀၁၉-၂၀၂၀ ပ ညာသင်နှစ်က အထက်တန်းကျောင်း ၂၇၂ ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) ၁၉၀ ကျောင်း၊ အလယ်တန်း ကျောင်း ၂၈၁ ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) ၃၄၀ ကျောင်း၊ မူလတန်း လွန်ကျောင်း ၇၉၃ ကျောင်း၊ မူလတန်း ကျောင်း ၃၈၀၂ ကျောင်း၊ မူလတန်း ကျောင်း (ခွဲ) ၇၀၁ ကျောင်း၊ တွဲဘက် မူလတန်း ကျောင်း ၁၂ ကျောင်း ရှိပြီး စုစုပေါင်း ၆၃၉၁ ကျောင်း ရှိကြောင်း သိရသည်။
.

Comments