မူလတန်း ကျောင်းသား/သူများအား ကျောင်းဝတ်စုံ မပေးတော့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, June 24, 2020

မူလတန်း ကျောင်းသား/သူများအား ကျောင်းဝတ်စုံ မပေးတော့

စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ အခြေခံ ပညာမူလတန်းအဆင့် ကျောင်းသား/သူများအား ယခု ၂၀၂၀-၂၀၂၁ ပညာ သင်နှစ်တွင် ကျောင်းဝတ်စုံများ ထုတ် ပေးတော့မည် မဟုတ်ဘဲ ဗလာစာ အုပ် တစ်ဒါဇင်စီသာထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
.
 .
"မူလတန်း တစ်ယောက်ကို ဗလာစာအုပ် တစ်ဒါဇင်နှုန်း ပေးမှာပါ။ ကျောင်းသားတိုင်း အားလုံးပါပဲ။ အ ဖြူအစိမ်း ကျောင်းဝတ်စုံတော့မပါ ဘူး။ စာအုပ်တွေလည်း ရောက်နေ ပါပြီ”ဟု ရှမ်းပြည်နယ် ပညာရေးညွှန် ကြားရေးမှူး ဦးဝင်းမောင်က ကမ္ဘော ဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် အလယ်တန်းအဆင့် ကျောင်းသား/သူများကိုလည်း ဗ လာစာအုပ် ပေးအပ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းထံက သိရသည်။
.
ရှမ်းပြည်နယ် အတွင်းရှိ အခြေခံပညာကျောင်းအား ဇူလိုင် ၂၁ ရက်မှ စ၍ အထက်တန်းအဆင့် အလယ်တန်း အဆင့်နှင့် မူလတန်းအဆင့်များကို နှစ်ပတ်ခြားစီ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က အထက်တန်း ကျောင်း၂၇၂ ကျောင်း၊ အထက်တန်း ကျောင်း (ခွဲ) ၁၉၀ ကျောင်း၊ အလယ် တန်းကျောင်း ၂၈၁ ကျောင်း၊ အလယ် တန်းကျောင်း(ခွဲ) ၃၄၀ ကျောင်း၊ မူလ တန်းလွန်ကျောင်း ၇၉၃ ကျောင်း၊ မူလတန်းကျောင်း ၃၈၀၂ ကျောင်း၊ မူလတန်းကျောင်း (ခွဲ) ၇၀၁ကျောင်း၊ တွဲဘက် မူလတန်းကျောင်း ၁၂ ကျောင်းရှိပြီး စုစုပေါင်း ၆၃၉၁ ကျောင်း ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About