တောင်ကြီးနှင့် လားရှိုးတွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးနှင့် လားရှိုးတွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးမည်


မင်းမင်း
.
(၃၃) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ တို့တွင် ဖမ်းဆီးရမိ ထားသည့် မူးယစ် ဆေးဝါးများကို မီးရှို့ ဖျက်ဆီးသွား မည်ဖြစ်ကြောင်း သိရသည်။
.
 
.
ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင် ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့မှာ မီးရှို့ဖျက်ဆီးပွဲ လုပ်သွားမှာဖြစ်ပါတယ်။ အရင်နှစ်ကလို အခမ်းအနား တွေ မပါတော့ဘူး။ တောင်ကြီးနဲ့ လားရှိုးမှာ လုပ်မှာပါ။ ရှမ်းမြောက်ကဖမ်းမိထားတဲ့ မူးယစ်ဆေးဝါးတွေကို တောင်ကြီး မသယ်လာတော့ဘဲ လားရှိုးမှာပဲ မီးရှို့သွားမှာပါ”ဟု ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယခုနှစ်တွင် မီးရှို့ ဖျက်ဆီးမည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများမှာ အကြမ်းအားဖြင့် မြန်မာကျပ်ငွေ သန်း ပေါင်း ၁၄၇၀၆၈ ကျော် တန်ဖိုးရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင် မြို့နယ်၊ လွယ်ခန် ကျေးရွာအနီးတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်မှ ဧပြီ ၉ ရက်အတွင်း ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများအား လားရှိုး တွင် မီးရှို့ ဖျက်ဆီးသွားမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းမှတ် နှစ်စဉ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲ များကို  သက်ဆိုင်ရာ ကျောင်းများ တွင် ကျင်းပ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် (COVID-19)ရောဂါ ပြန့်ပွားမှု များ ကြောင့် အဆိုပါ ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်တော့မည် မဟုတ်ကြောင်း သိ ရှိရသည်။
.
ရှမ်းပြည်နယ်အတွင်း နှစ်စဉ် မူး ယစ်ဆေးဝါး ဖမ်းဆီးရမိမှု အနေဖြင့် ၂၀၁၅ ခုနှစ်က အမေရိကန်ဒေါ်လာ ၈၂ သန်းကျော်၊ ၂၀၁၆ ခုနှစ်က အမေ ရိကန်ဒေါ်လာ ၃၁ သန်းကျော်၊ ၂၀၁၇ ခုနှစ်က အမေရိကန် ဒေါ်လာ ၁၄၃ သန်းကျော်၊ ၂၀၁၈ ခုနှစ်က အမေရိ ကန်ဒေါ်လာ ၁၀၉ သန်းကျော်၊ ၂၀၁၉ ခုနှစ်က အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များကို ဖမ်းဆီးရမိခဲ့ပြီး မီးရှို့ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats