ရှမ်းပြည်နယ်မြေဆီလွှာဓါတ်ခွဲခန်းမှ မြေ/ရေနှင့် အာဟာရပိုင်းဆိုင်ရာ ၁၁၅၈ ခုတို့ကို ဓါတ်ခွဲစမ်းသပ် ပေးခဲ့ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, June 21, 2020

ရှမ်းပြည်နယ်မြေဆီလွှာဓါတ်ခွဲခန်းမှ မြေ/ရေနှင့် အာဟာရပိုင်းဆိုင်ရာ ၁၁၅၈ ခုတို့ကို ဓါတ်ခွဲစမ်းသပ် ပေးခဲ့

ထမံသီ
.
တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် မြေဆီလွှာ ဓါတ်ခွဲခန်းမှ မြေ/ရေ နမူ နာ၊ အာဟာရပိုင်း ဆိုင်ရာနှင့် မြေဆီ လွှာ အဆိပ်သင့်မှု အခြေအနေတို့ အ တွက် ဓါတ်ခွဲနမူနာ စုစုပေါင်း ၁၁၅၈ ခု တို့အား ဓါတ်ခွဲစမ်းသပ် အဖြေရှာ ပေးနိုင်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။
.
 
.
“တောင်သူများအတွက် မြေဆီ လွှာမှာ ပါဝင်တဲ့ အာဟာရဓါတ် ၁၄ မျိုး၊ စိုက်ပျိုးရေး သုံးရေမှာ ပါဝင်တဲ့ ဓါတ် ပစ္စည်း ၇  မျိုးနဲ့ တောင်သူတွေ ဝယ်ယူသုံးစွဲတဲ့ ဓါတ်မြေဩဇာအမျိုး မျိုးမှာ သတ်မှတ်ဖော်ပြထားတဲ့ အာ ဟာရ ရာခိုင်နှုန်းနဲ့ အာဟာရတန်ဖိုး ပါဝင်မှု ရှိ/မရှိကို ဓါတ်ခွဲစမ်းသပ် အ ဖြေရှာပေးနေပါတယ်”ဟု ပြည်နယ် မြေဆီလွှာ ဓါတ်ခွဲခန်း ဒုတိယဦးစီး မှူး ဒေါ်ခင်ဥမ္မာဆင့်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ထို့အပြင် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားထားသည့် စိုက်ပျိုးရေးဆိုင် ရာ အလေ့အကျင့်ကောင်းများ (GAP) စနစ်ကို တောင်သူများ လိုက်နာလာ ပြီးနောက် GAP လက်မှတ် ရယူလို၍ လျှောက်ထားလာသည့် မြေ၊ ရေ နမူ နာများ အပြင် အာဟာရပိုင်းဆိုင်ရာ နှင့် မြေဆီလွှာ အဆိပ်သင့်မှု ရှိ/မရှိ တို့ကို ပိုမိုစမ်းသပ် ဓါတ်ခွဲ နေရသည့် အပြင် ထပ်မံ၍ ဘက်စုံနည်းပညာသုံး စံပြကျေးရွာများ အကောင်အထည် ဖော် ဆောင် ရွက်ရာတွင်လည်း မြေ နမူနာများ ဓါတ်ခွဲ စမ်းသပ်ပေးလျက် ရှိသည်ဟု ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ်မြေဆီလွှာဓာတ်ခွဲခန်းကို ၂၀၁၆ ခုနှစ် ၊ သြဂုတ်လက စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်အတွင်း ဓာတ်ခွဲစမ်းသပ်မှုစာရင်းများအရ ၂၀၁၆ သြဂုတ်လမှ ၂၀၂၀ ပြည့်နှစ်၊ မေလအထိ မြေ နမူနာ ရယူမှု ၁၀၀၃ ကြိမ်ကိုလည်းကောင်း၊ ရေနမူနာ ရယူဓါတ်ခွဲမှု စုစုပေါင်း ၁၀၃ ကြိမ်ကို လည်း ကောင်း၊ မြေဩဇာ ၅၂ ခုတို့ကို လည်းကောင်း ရုံးချုပ်မှ သတ်မှတ်ထားသည့် နှုန်းထားများဖြင့် ဓါတ်ခွဲ စမ်းသပ် ပေးနိုင်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)