ဓနုတိုင်းရင်းသားများ၏ အမည်နာမ မှည့်ခေါ်ပုံများကို တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနသို့ ပေးပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, June 5, 2020

ဓနုတိုင်းရင်းသားများ၏ အမည်နာမ မှည့်ခေါ်ပုံများကို တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနသို့ ပေးပို့


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အ များဆုံး နေထိုင်သည့် ဓနုတိုင်းရင်း သားများ၏ အမည်နာမ မှည့်ခေါ်ပုံ များကို ဓနုစာပေနှင့် ယဉ်ကျေးမှု အ သင်းမှ တိုင်းရင်းသား စာပေနှင့် ယဉ် ကျေးမှု ဦးစီးဌာနသို့ ပြုစုပေးပို့ထား သည်ဟု သိရသည်။
.
 
.
“ကျောင်းတွေမှာ ကိုယ့်လူမျိုးအမည် မှည့်ခေါ်ပုံအတိုင်း ကျောင်းအပ် နိုင်ခွင့်အပေါ် မူတည်ပြီး ကိုယ့်ဆန္ဒ အတိုင်း မှည့်ခေါ်တဲ့နေရာမှာ အများ သူငှာ သိရှိအောင် ပြုစုထားတာ ဖြစ် ပါတယ် ဟု တောင်ကြီးမြို့ နယ် ဓနု စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုးအောင်က ပြောသည်။
.
ဓနု တိုင်းရင်းသားများ၏ မွေး ချင်းအမည် မှည့်ခေါ်ရာတွင် မွေး ကင်းစ သားသမီးများ၏ အမည်ရှေ့ ၌ အောင်ငဲကင်း/မိနီကင်း၊ အရွယ် မရောက်သေးသည့် လူပျိုအပျိုတို့၏ အမည်ရှေ့၌ အောင်နီပဲ့/မိနီပဲ့၊ အ ရွယ်ရောက်ပြီး လူပျို/အပျို တို့၏ အ မည်ရှေ့၌ ကွင်/မိ၊ အသက်အရွယ် ကြီးရင့်သည့် အဖိုး/အဖွား များ၏ အမည်ရှေ့၌ ဖအို၊ မယ့်အို၊ ရဟန်း မိဘများ၏ အမည်ရှေ့၌ ပဉ္ဇင်းဖ/ ပဉ္ဇင်းမွေ့၊ ဘုန်းကြီးဖ/ဘုန်းကြီးမွေ့၊ ဘုရားစေတီ လှူဒါန်းထားသူများ ၏ အမည်ရှေ့တွင် ကျောင်းကာ/ ကျောင်းကာမ၊ သိမ်လှူဒါန်းထားသူ များ၏ အမည်ရှေ့၌ သိမ်ကာ/သိမ် ကာမဟူ၍ မှည့်ခေါ်ကြောင်း ၎င်းထံ က သိရသည်။
.
အခြား အသုံးအနှုန်းများ အဖြစ် အဖိုးအဖွား များအား ဖိုး/တို့ပေါင်၊ ဘကြီး၊ဒေါ်ကြီးတို့ကို ဖကြီး/မွေ့ကြီး၊ ဦးလေး၊ဒေါ်လေးတို့ကို အပီး/အရီး၊ (ဖပဲ့/မွေ့ပဲ့)၊ သားသမီးများက အမိ အဘတို့ကို  တို့ဖ/တို့မွေ့၊ ခဲအိုနှင့် မရီးတို့ကို တို့နောင်/တို့မွေ့၊ အကို ကြီး၊ အမကြီးတော်သူများကို ကြီး မောင်/ အဲခင် စသည့် အခေါ်အဝေါ် များ ရှိကြောင်းလည်း သိရသည်။
.
ဓနု တိုင်းရင်းသားများသည် မြန် မာတစ်နိုင်ငံလုံးတွင် ဦးရေ ၇ သိန်း ခန့်ရှိပြီး ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ ပင်းတယနှင့် ရွာ ငံမြို့နယ်များတွင် ဦးရေ ၂ သိန်းနီး ပါးခန့် ရှိကာ ကလော၊ အောင်ပန်း၊ တောင်ကြီး၊ နောင်ချို၊ ရပ်စောက် စသည့် မြို့များနှင့် ရန်ကုန်တိုင်း ဒေ သကြီး စသည့် ဒေသများတွင် နေ ထိုင်ကြောင်းလည်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats