ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်နာယကနှင့်အဖွဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း စားနပ်ရိက္ခာများ ဖြန့်ဝေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, June 3, 2020

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်နာယကနှင့်အဖွဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း စားနပ်ရိက္ခာများ ဖြန့်ဝေ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းနှင့် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ အဖွဲ့သည် ယနေ့ ဇွန်လ ၃ ရက် က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယနှင့် ရွာငံမြို့နယ်များ၌ အခြေခံလူတန်းစား ပြည်သူများအား စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.
 
.
ထိုသို့ ဖြန့်ဝေရာတွင် ပင်းတယ၊ ရွာငံနှင့် ဘော်ဆိုင်းဒေသရှိ ပြည်သူများအတွက် စားနပ်ရိက္ခာထုပ် ၈၀၀ စီ ဖြန့်ဝေ ပေးခဲ့ပြီး ရွာငံမြို့၊ ရွှေဘော်ကျွန်းဘုန်းတော်ကြီးကျောင်း၊ ပင်းတယမြို့၊ မဟာရန်အောင် ပရိယတ္တိစာသင်တိုက်၊ စေတီကြီး ပရိယတ္တိစာသင်တိုက်၊ ဘော်ဆိုင်းဒေသ ‌ရွှေမြစီ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၁၅ အိတ်နှင့် ဆီ ၃ ပုံးစီ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖြန်ဝေပေးခဲ့သည့် ရိက္ခာထုပ် တစ်ထုပ်စီတွင် ဆန် ၃ ပြည်၊ ဆီ ၁၈ ကျပ်သား၊ ကုလားပဲ ၅၀ ကျပ်သား၊ ဆား ၂၅ ကျပ်သား ပါဝင်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ စားနပ်ရိက္ခာများ ဖြန့်ဝေမှုနှင့် ပတ်သက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းက ကမ္ဘောဇဘဏ်သည် ယခင်ကတည်းက ဓနုဒေသအတွင်း ကျန်းမာရေး၊ ပညာရေးနှင့် သောက်သုံးရေ ရရှိရေးတို့အတွက် ငွေကျပ်သိန်းပေါင်း ၂၄၀၀၀ ကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်နာယကနှင့် အဖွဲ့မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ စားနပ်ရိက္ခာများ လာရောက်ပေးဝေလှူဒါန်းသည့်အတွက် များစွာ ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၊ လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ရာနယ်မြေနှင့် စစ်ရှောင် စခန်းများရှိ တိုင်းရင်းသား ပြည်သူများ၊ COVID-19 အတည်ပြုလူနာများ၊ စောင့်ကြည့်လူနာများအား စားနပ်ရိက္ခာနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးနေခြင်းဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About