မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့ရှိ တစ်ပတ်ရစ်
ဆိုင်ကယ်အ ရောင်းဆိုင်များမှာ COVID-19 ကပ် ရောဂါ
စတင်ဖြစ်ပွားသည့် အချိန်မှ စ၍ ယနေ့အထိ အရှုံးနှင့် ရင်ဆိုင် နေရကြောင်း အဆိုပါ
လုပ်ငန်း လုပ် ကိုင်သူများထံက သိရသည်။
.
.
“COVID-19 ရောဂါ
စဖြစ်တဲ့ အ ချိန်ကနေ ဒီနေ့အထိ တစ်ပတ်ရစ် ဆိုင်ကယ် ရောင်းသမားတွေ များလာ တယ်။
အဝယ်ကတော့ လုံးဝကို မရှိ သလောက် ဖြစ်သွားတယ်။ လူတိုင်း လိုလို စီးပွားရေး
အဆင်မပြေတော့ တစ်ရက်ကို ရောင်းသမား ၁၅ ဦး လောက် လာတယ်။ အဝယ်သမားက တစ်ပတ်လုံးမှာ ၁၀
ဦးတောင် မရှိ ဘူး”ဟု တစ်ပတ်ရစ် ဆိုင်ကယ် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ
ကိုအာလန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယခင်က တစ်ပတ်ရစ်ဆိုင်ကယ် ရောင်းဝယ်ရေး ဆိုင်များအနေဖြင့်
စီးပွားရေးအရ ဆုံးရှုံးမှု များများစား စား မရှိခဲ့သော်လည်း လက်ရှိတွင် COVID-19 ကူးစက်ရောဂါ
ဖြစ်ပွား မှုကြောင့် ပေါ်ပေါက်လာသည့် စီး ပွားရေး ဆုံးရှုံးမှုများ ပိုမိုများပြား
ကြောင်း ၎င်းက ဆက်လက် ပြောဆို ခဲ့သည်။
.
ထိုကဲ့သို့ စီးပွားရေးအရအကြပ် အတည်း ဖြစ်ပေါ်လာမှုကို
ဖြေရှင်း နိုင်ရန်အတွက် တစ်ပတ်ရစ် ဆိုင် ကယ် ရောင်းဝယ်ရေး လုပ်ကိုင်သူ များ
အနေဖြင့် အခြား စီးပွားရေးလုပ် ငန်းများကို တိုးချဲ့လုပ်ကိုင်လာနေ ကြကြောင်း
သိရသည်။
.
“ကျွန်တော်တို့က
ဆိုင်ကယ် ပွဲစားဆိုတော့ အရောင်းဆိုင်တွေနဲ့ နားလည်မှု ယူပြီး ကိုယ့်အတွက် ပွဲခ
ရအောင် လုပ်ရတာမျိုး တွေလည်း ရှိပါတယ်။ အခုလို ကူးစက်ရောဂါ ဖြစ် နေတဲ့အချိန်ကျတော့
ဆိုင်ကယ်တွေ မဝယ်ထားရဲဘူး။ ရောင်းထွက်ဖို့က တော်တော်ခက်ခဲနေတော့ တစ်ပတ် ရစ်
ဖုန်းရောင်းဝယ်ရေးပါ တွဲလုပ်နေ ရတယ်”ဟု ဆိုင်ကယ်ရောင်းဝယ် ရေး အကျိုးဆောင်
တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
တစ်ပတ်ရစ် ဆိုင်ကယ်အရောင်း ဆိုင်များအနေဖြင့် ယခင်က တစ်လ
လျှင် ဆိုင်ကယ် အစီးရေ ၃၀ မှ ၅၀ အထိ ရောင်းချနိုင်ခဲ့သော်လည်း ယ ခုအခါ COVID-19 ရောဂါကူးစက်
ပြန့်ပွားမှု ဂယက်ကြောင့် တစ်လ လျှင် ၁၀ စီးပင် ရောင်းချနိုင်ခြင်း မရှိ ကြောင်း
သိရသည်။
.
ထို့အပြင် ကူးစက်ရောဂါဖြစ်ပွား နေခြင်းကြောင့် တစ်ပတ်ရစ်
ဆိုင် ကယ် အရောင်းဆိုင်များ အနေဖြင့် လုပ်ငန်း ရပ်တည်နိုင်ရန် အခက်ခဲ
များစွာရှိနေပြီး ဆိုင်ခန်းငှားရမ်းခ နှင့် ဝန်ထမ်းလစာများ ပုံမှန်ပေးချေ
နေရသည့်အတွက် အရှုံးနှင့် ရင်ဆိုင် လာနေရခြင်းဖြစ်ကြောင်း သိရ သည်။
.
No comments:
Post a Comment