တောင်ကြီးအပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့များတွင် ဆိုင်ကယ်မီးဖွင့်၍မောင်းနှင်သူ နည်းပါးနေသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးအပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့များတွင် ဆိုင်ကယ်မီးဖွင့်၍မောင်းနှင်သူ နည်းပါးနေသေး

စုလှိုင်

.

ပြည်ထောင်စု လွှတ်တော်မှ ဥပဒေအမှတ် (၆) ဖြင့် အတည်ပြုပြဌာန်း ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်း ရေးနှင့် မော်တော်ယာဉ် စီမံ ခန့်ခွဲမှု ဥပဒေအရ မော်တော်ဆိုင် ကယ် စီးနင်း မောင်းနှင်ရာတွင် ရှေ့မီး အနိမ့်ကို နေ့/ည အချိန်တိုင်း ဖွင့်၍မောင်းနှင်ရန် သတ်မှတ်ပြဌာန်းထားသော်လည်း တောင်ကြီးအပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့များ တွင် လိုက်နာမှု အားနည်းနေသေးကြောင်း သိရသည်။

.

.

မီးဖွင့်ပြီး မောင်းဖို့ကို နေ့စဉ်နီး ပါး ပညာပေးတာ လုပ်နေပါတယ်။ လိုက်နာမှု ကတော့ အားနည်းနေပါ သေးတယ်။ နောက်ထပ် လက်ကမ်း စာစောင်ဝေတာတွေလည်း ဆက်လုပ် သွားမှာပါ”ဟု တောင်ကြီးမြို့ရှိ အ မှတ်(၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးထွန်းနိုင်အောင်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။

.

တချို့က မီးဖွင့်မောင်းရင်တောင် မီးပွင့်နေပါတယ်ဆိုပြီး လက်နဲ့ အချက်ပြတာတွေ၊ နေ့ဘက်ကြီး ဘာလို့ မီးဖွင့်မောင်း တာလဲ ဆိုပြီးမေး တာတွေ ရှိပါတယ်။ ဒီဥပဒေပြဌာန်း လိုက်တာကို တချို့က မသိကြသေး ဘူး။ ပညာပေးမှုအပိုင်းလည်း အများကြီးလိုပါတယ်။ ယာဉ်ထိန်း ရဲတွေက ဒီဥပဒေအရ မီးဖွင့်မောင်းရမယ်ဆိုပြီး လိုက်ပြောနေတာတော့  တွေ့ရတယ်။ ဘာကြောင့် မီးဖွင့်ဖို့ လိုအပ်တယ်ဆိုတာ လူထုက မသိကြဘူး။ အဲဒီ အဓိက ရည်ရွယ်ချက်ကို လူထုသိအောင် လုပ်ဖို့ လိုအပ်ပါတယ်”ဟု တောင်ကြီး မြို့နေ ဒေသခံတစ်ဦးက ၎င်း၏အမြင် ကို ပြောသည်။

.

အဆိုပါ ၂၀၂၀ ပြည့်နှစ် ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ်စီမံခန့်ခွဲမှု ဥပဒေတွင် မော်တော် ဆိုင်ကယ် မောင်းနှင်ရာတွင် နေ့/ည မီးဖွင့် မောင်းနှင်ရန်၊ ယာဉ်မောင်းနေ စဉ် လက်ကိုင်ဖုန်း အသုံးမပြုရန် စသည့်အချက်များကို တားမြစ်ထား ကြောင်း သိရသည်။

.

ယာဉ်အန္တရာယ် ကင်းရှင်းရေး နှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ ရက်က ပြည်ထောင်စု လွှတ်တော်မှ ဥပဒေ အမှတ် (၆/၂၀၂၀) ပြဌာန်းခဲ့ခြင်းဖြစ် ပြီး ယင်းဥပဒေတွင် အခန်း ၁၅ ခန်း၊ ဥပဒေ ပုဒ်မ ၁၀၇ ခု ပါရှိကြောင်း သိရ သည်။

.

Journal Download

Photo of three cats