ကလောမြို့နယ်တွင် အမျိုးသားတစ်ဦးအား မသင်္ကာ၍ စစ်မေးရာမှ ဆိုင်ကယ် ခိုးယူမှု ပေါ်ပေါက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နယ်တွင် အမျိုးသားတစ်ဦးအား မသင်္ကာ၍ စစ်မေးရာမှ ဆိုင်ကယ် ခိုးယူမှု ပေါ်ပေါက်


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် လွယ်အံကျေးရွာအုပ်စု၊ ပြည်ကျော်ရပ်ရှိ လမ်းမပေါ်တွင် မေလ ၃၁ ရက်က အမျိုးသား တစ်ဦးအား မသင်္ကာ၍ စစ်မေးရာမှ ဆိုင်ကယ်ခိုးယူမှု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
.

ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ အရှေ့ကျောက်တန်းကျေးရွာနေ ဝေလင်းစိုးသည် သော့မရှိ ၊ ရှေ့ရင်အုပ် ဖွင့်ကာ ၊ ဆော့ကတ် ဖြုတ်၍ မောင်းနှင်လာသည်ကို နယ်မြေ ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်များက တွေ့ရသဖြင့် စစ်ဆေးမေးမြန်းရာ ၎င်းပိုင်ဆိုင််သည်ဟု အထောက်အထား ခိုင်လုံစွာ ပြောဆိုနိုင်ခြင်း မရှိသောကြောင့် ခိုးယူလာသည်ဟု ယူဆကာ ဆိုင်ကယ်အား သိမ်းဆည်း၍ ဖမ်းဆီး စစ်ဆေးစဉ် ဆိုင်ကယ် ခိုးယူမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမှု ဖွင့် ထားတယ်။ သူကို မသင်္ကာလို့ ဖမ်း စစ်လိုက်တာ။ တစ်နေရာကနေ ခိုးလာတယ်လို့ ထွက်ဆိုတော့ ကျန်တဲ့ ဆိုင်ကယ်တွေရော ပေါ်တယ်။ လိုက်တော့ သိမ်းနေပြီ ။ ခုတော့ ၅ စီး သိမ်းထားပါပြီဟု ကလောမြို့မ ရဲစခန်းမှ ဒုရဲမှူး လှနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဆိုင်ကယ် ခိုးယူသူ ဝေလင်းစိုးအား ကလောမြို့မ ရဲစခန်းမှ (ပ)၈၄/၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ ၅၄ ဖြင့် ဖမ်းဆီး ချုပ်နှောင်ထားရှိပြီး ပျောက်ဆုံး ဆိုင်ကယ်ပိုင်ရှင်အား စုံစမ်း နေလျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats