ဇွန်လ ၁၆ ရက်ကို ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကြောင်း CSSU ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဇွန်လ ၁၆ ရက်ကို ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကြောင်း CSSU ထုတ်ပြန်

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်း ၁၉၉၇ ခုနှစ်၊ ဇွန်လ ၁၆ ရက်က ရှမ်းတိုင်းရင်းသား အမျိုးသား/အမျိုးသမီး အများအပြား သတ်ဖြတ်ခံခဲ့ရမှုအား အောက်မေ့သတိရသည့် အနေဖြင့် ယင်းနေ့ကို ရှမ်း အမျိုးသား လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကြောင်း ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) က ထုတ်ပြန် ကြေညာခဲ့သည်ဟု သိရသည်။

.

.

ရှမ်းပြည်နယ်တွင် ၁၉၉၆ မှ ၁၉၉၈ ခုနှစ်များအတွင်း စစ်ရာဇဝတ်မှုမြောက်သည့် ကျူးလွန်မှုများကို အဆိုးရွားဆုံးနှင့် အကျယ်ပြန့်ဆုံး ထိခိုက်ခံစားခဲ့ရပြီး မြို့နယ်ပေါင်း ၁၁ မြို့နယ်မှ ရွာပေါင်း ၁၄၀၀ ကျော် ထိခိုက်ပျက်စီးခြင်း၊ အမျိုးသမီးပေါင်း ၆၀၀ ကျော် လိင်အကြမ်းဖက် ခံရခြင်းနှင့် အချို့ သတ်ဖြတ်ခံရခြင်း၊ ၁၉၉၇ ခုနှစ်၊ ဇွန်လ ၁၆ ရက်တွင် ကွန်ဟိန်းမြို့နယ်အတွင်း အမျိုးသား/အမျိုးသမီး ၅၆ ဦး သတ်ဖြတ်ခံရခြင်း၊ ၎င်းတို့၏ ကျွဲ၊ နွား၊ လှည်း၊ ဝန်စည်စလွယ်များနှင့်အတူ မီးပုံရှို့ခံရခြင်း၊ လူပေါင်းသိန်းချီ ပြည်တွင်း/ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ရခြင်း စသည့် အနိဋ္ဌာရုံများ ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် ယင်းကဲ့သို့ သမိုင်းဖြစ်ရပ်ဆိုးမျိုး ထပ်မံမပေါ်ပေါက်စေဘဲ ငြိမ်းချမ်းရေး လျှင်မြန်စွာ ဖြစ်ထွန်းရန်လည်းကောင်း၊ ကျူးကျော်စော်ကားသူများ၏ အပြစ်ကြွေးအား ဆေးကြောပေးရာ ရောက်စေရန်လည်းကောင်း၊ မတရားကျူးလွန်ခံခဲ့ရသည့် အပြစ်မဲ့ ပြည်သူတို့အား အောက်မေ့သတိရသည့် အနေဖြင့် လည်းကောင်း ရည်ရွယ်၍ ယင်းဖြစ်ရပ်ဆိုး စတင်ခဲ့သည့် ဇွန်လ ၁၆ ရက်ကို ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

.

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (Comette of Shan State Unity-CSSU)ကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့ပြီး ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားပြီး ရှမ်းပြည်ညီညွတ်ရေးကိစ္စရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats