ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ အမျိုးသားတစ်ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ အမျိုးသားတစ်ဦးတွင် COVID-19 ပိုးတွေ့

ကမ္ဘောဇတိုင်း

.

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ အမျိုးသားတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇွန်လ ၁၅ ရက်၊ နံနက် ၈ နာရီ အချိန် ထုတ်ပြန်ချက်အရ သိရသည်။

.

.

အဆိုပါ COVID-19 ပိုးတွေ့လူနာသည် ဘူးသီးတောင်မြို့နယ်နေ အသက် ၆၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းသည် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင် မရှိဘဲ ဘူးသီးတောင်မြို့နယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။

.

ဇွန်လ ၁၄ ရက် ဓါတ်ခွဲစမ်းသပ်မှု အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ပထမ အသုတ်နှင့် ဒုတိယ အသုတ် ဓာတ်ခွဲနမူနာ ၁၂၄၁ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၆၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY)မှ ဓာတ်ခွဲနမူနာ ၃၇၅ ခုနှင့် ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး၊ ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ ၂၁၄ ခု၊ စုစုပေါင်းဓာတ်ခွဲနမူနာ ၁၉၉၄ ခုအား စစ်ဆေးခဲ့ရာ ယင်းအမျိုးသားတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ ယနေ့ ဇွန်လ ၁၅ ရက်၊ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၆၂ ဦး ရှိလာပြီဖြစ်ပြီး ၎င်းတို့အနက် ရောဂါပိုး ကင်းစင်လာသူ ၁၆၇ ဦးနှင့် သေဆုံးသူ ၆ ဦး ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats