COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန် ထုတ်ပြန်ထားသည့် အမိန့်များအား ဇွန်လကုန်အထိ သက်တမ်းတိုးမြှင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန် ထုတ်ပြန်ထားသည့် အမိန့်များအား ဇွန်လကုန်အထိ သက်တမ်းတိုးမြှင့်

မင်းမင်း

.

COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ထုတ်ပြန်ထားသည့် တားမြစ်ချက် အမိန့်များအား ဇွန်လကုန်အထိ ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.

.

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်ထိန်းချုပ် တားဆီးရေးအတွက် ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များအား ဇွန်လ ၃၀ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဖော်ပြပါရှိသည်။

.

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဇွန်လ ၁၂ ရက်၊ ညပိုင်းအထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၆၁ ဦး ရှိလာနေပြီ ဖြစ်ပြီး ယင်းတို့အနက် ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ ၁၆၅ ဦးနှင့် သေဆုံးသူ ၆ ဦး ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats