ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်
ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော
RCSS၊ PNLO၊ PNO နှင့် နိုင်ငံရေးအကျဉ်းဟောင်းများအတွက် ယနေ့ ဇွန်လ ၈ ရက်၊ နံနက်ပိုင်းက
COVID-19 ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း
သိရသည်။
.
.
ထိုသို့ လှူဒါန်းရာတွင်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNLO) အတွက် ဆန် ၂၄ ပြည်အိတ် ၃၀၀ အိတ်၊ ဆီ ၃၀ ပုံး၊
PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနနေအဖွဲ့အတွက် ဆန် ၂၄ ပြည်အိတ် ၃၀၀ အိတ်၊ ဆီ ၃၀ ပုံး၊
ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS) အတွက် ဆန် ၂၄ ပြည်အိတ် ၃၀၀ အိတ်၊ ဆီ ၃၀
ပုံး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် ဆန် ၃ ပြည်၊ ဆီ ၁၈ ကျပ်သား၊ ဆား ၂၅ ကျပ်သား၊
ကုလားပဲ ၅၀ ကျပ်သားပါ စားနပ်ရိက္ခာထုပ် ၅၀ ထုပ်၊ Mask ၁၀၀၀ ခု၊ Hand Gel ၅၀ ဘူး၊
Genius Coffee ၂၅ ထုပ် တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ရှမ်းပြည်နယ်
ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး ခရိုင်၊
ရပ်စောက်မြို့နယ်ရှိ တိုင်းရင်းသားအိမ်ထောင်စု ၁၅၀၀ စု အတွက် ဆန် ၃ ပြည်၊ ဆီ ၁၈
ကျပ်သား၊ ကုလားပဲ ၅၀ ကျပ်သားပါဝင်သည့် စားနပ်ရိက္ခာထုပ် ၁၅၀၀ ထုပ်တို့ကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထု စား နပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ
တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာ လင်းထွဋ်၊ ကမ္ဘောဇဘဏ် နာယ က
ဦးအောင်ကိုဝင်းနှင့် ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုး
ညွန့်လွင်တို့က နာယကများအဖြစ် တာဝန်ယူ ဆောင်ရွက်နေပြီး ကော်မ တီဝင်များ အဖြစ်
ရှမ်းပြည်နယ်အ တွင်းမှ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပါဝင်ဆောင်
ရွက်နေလျက် ရှိကြောင်း သိရသည်။
.
No comments:
Post a Comment