COVID-19 ပိုးတွေ့လူနာ ၂ ဦးထပ်တိုးပြီး စုစုပေါင်း ၂၄၂ ဦး အထိရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, June 7, 2020

COVID-19 ပိုးတွေ့လူနာ ၂ ဦးထပ်တိုးပြီး စုစုပေါင်း ၂၄၂ ဦး အထိရှိလာ

ကမ္ဘောဇတိုင်း
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇွန်လ ၇ ရက်၊ ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာအသစ် ၂ ဦး တွေ့ရှိပြီး စုစုပေါင်း ဓါတ်ခွဲအတည်ပြုလူနာ ၂၄၂ ဦး အထိ ရှိလာနေပြီ ဖြစ်သည်ဟု သိရသည်။
.
 
.
အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာအသစ် ၂ ဦးမှာ အိန္ဒိယနိုင်ငံမှ ပြန်လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နေ အသက် ၅၈ နှစ်အရွယ် အမျိုးသားနှင့် ထိုင်းနိုင်ငံမှ ပြန်လာသည့် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နေ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ကြောင်း သိရသည်။
.
ယနေ့ ဇွန်လ ၇ ရက်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၅၆၀ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၆၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - Mdy) မှ ဓာတ်ခွဲနမူနာ ၂၈၃ ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၉၂ ခု၊ စုစုပေါင်း ဓါတ်ခွဲနမူနာ ၁၂၀၀ ခုအား စစ်ဆေးခဲ့ရာ ၂ ဦးတွင် ရောဂါပိုး တွေ့ရှိပြီး ကျန်ဓါတ်ခွဲနမူနာများတွင် ရောဂါပိုး တွေ့ရှိခြင်းမရှိကြောင်း သိရသည်။
.
သို့ဖြစ်၍ ယနေ့ ဇွန်လ ၆ ရက်အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၄၂ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက် ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၁၅၆ ဦးရှိကာ ၁၃၆ ဦးအား ဆေးရုံ မှ ဆင်းခွင့်ပြုပြီး သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း နှင့် ဓါတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats