ရွာငံမှ COVID-19 ပိုးတွေ့လူနာ အမှတ် (၂၃၀) တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ရောက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံမှ COVID-19 ပိုးတွေ့လူနာ အမှတ် (၂၃၀) တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ရောက်ရှိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှ COVID-19 ပိုးတွေ့လူနာအမှတ် (၂၃၀) သည် ယနေ့ ဇွန်လ ၃ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ လွှဲပြောင်းရောက်ရှိလာခဲ့ကြောင်း သိရသည်။
.

.
အဆိုပါ လူနာအမှတ် (၂၃၀) သည် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာနေ အသက် ၃၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၊ မန်စီမြို့သို့ ကြံခုတ်ရန် သွားရောက်ခဲ့သူဖြစ်ကာ မေလ ၁၅ ရက်တွင် မူဆယ်မြို့မှတစ်ဆင့် ကွတ်ခိုင်-သိန္နီ-လားရှိုး-သီပေါ-ကျောက်မဲ-နောင်ချို လမ်းအတိုင်း ပြန်လာခဲ့ပြီး ယင်းမှတစ်ဆင့် အင်တော-ကျောက်ဂူ-ရပ်စောက်-ပင်းတယ-ရွာငံလမ်းအတိုင်း ရွာငံမြို့သို့ ပြန်လည်ဝင်ရောက်လာကာ မေလ ၁၇ ရက်တွင် ရွာငံမြို့နယ်၊ ရွာမရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
.
ယင်းအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ၎င်းနှင့်အတူ အသွားအလာကန့်သတ်စောင့်ကြည့်နေသူ စုစုပေါင်း ၂၂ ဦး ရှိကြောင်း သိရသည်။
.
စဝ်စံထွန်း ဆေးရုံအနေနဲ့ကတော့ အားလုံး အဆင်သင့် ပြင်ဆင်ထားပြီးသားပါ ဟု တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယနေ့ ဇွန်လ ၃ ရက်၊ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ပိုးတွေ့အတည်ပြုလူနာ ၂၃၃ ဦး ရှိလာ နေပြီဖြစ်ပြီး ၎င်းတို့အနက် ပြန်လည်သက်သာလာသူ ၁၄၃ ဦး ရှိ၍ ရှမ်းပြည်နယ်တွင် ပိုးတွေ့လူနာ ၉ ဦး ရှိလာပြီဖြစ်ကာ ၇ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi #COVID-19
.

Journal Download

Photo of three cats