မင်းဇော်မင်း
.
ကမ္ဘာတဝန်းတွင် COVID-19 ကြောင့် သေဆုံးသူဦးရေမှာ ယနေ့ (ဇွန်လ ၂၉ ရက်)၊ နံနက်ပိုင်းထိ ၅ သိန်းကျော်အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း
worldometer ၏ အချက်အလက်များအရ သိရသည်။
.
အဆိုပါ ကိန်းဂဏန်းသည် ကမ္ဘာတဝန်းရှိ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု၏
မနှစ်မြို့ဖွယ်ရာ မှတ်တိုင် တစ်ခုကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ကာ ကပ်ရောဂါ ကူးစက်မှုသည် ယခုအခါ ကမ္ဘာ့နိုင်ငံ
အချို့၌ ပြန်လည် ဖြစ်ပေါ်လာနေကာ ဒေသ တစ်ချို့တွင်လည်း ကူးစက်မှု
ပထမလှိုင်းနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
.
COVID-19 ကြောင့် ယခုအခါ ကမ္ဘာတဝန်း သေဆုံးသူ
ဦးရေ ၅ သိန်းခန့်နှင့် ကူးစက်ခံထားရသူ
စုစုပေါင်း ၁၀ သန်းကျော်ခန့်အထိ ရှိနေခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း COVID-19 ကြောင့် သေဆုံးမှုနှုန်းမှာ ယေဘုယျအားဖြင့် ကျဆင်းခဲ့သော်လည်း အမေရိကန်၊
အိန္ဒိယ၊ ဘရာဇီး စသည့် နိုင်ငံများတွင် ကူးစက်မှု
အရေအတွက် စံချိန်တင် မြင့်တက်လာနေကာ အာရှဒေသ အချို့တွင်လည်း ကူးစက်မှု အသစ်များ ဖြစ်ပွားလာနေကြောင်း
သိရသည်။
.
ရိုက်တာသတင်းဌာနက ဇွန်လ ၁ ရက်မှ ဇွန်လ ၂၇ ရက်ထိ အချက်အလက်များအပေါ် အခြေခံ၍ တွက်ချက်ထားမှုအရ
COVID-19 ကြောင့် ၂၄ နာရီတိုင်းတွင်
ပျမ်းမျှလူဦးရေ ၄၇၀၀ ကျော် သေဆုံးလျက်
ရှိကြောင်း သိရသည်။
No comments:
Post a Comment