တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့သော COVID-19 လူနာအမှတ်(၂၃၀)၏ ဓါတ်ခွဲနမူနာတွင်
၂ ကြိမ်ဆက် ပိုး မတွေ့ရတော့သဖြင့် ယနေ့ ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းက ဆေးရုံမှ ဆင်းခွင့်ရပြီ
ဖြစ်ကြောင်း သိရသည်။
.
“ ဆေးရုံဆင်းပါတယ်။
ခု ရွာငံကို ရောက်ပါပြီ။ သူ့ကို Quarantine ဆက်ထားမှာပါ” ဟု ရွာငံမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ
ဒေါက်တာ ခွန်ဝင်းလတ်မှ ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
အဆိုပါ
COVID-19 လူနာအမှတ်(၂၃၀)သည် ရွာငံမြို့နယ်မှ အသက် ၃၁ နှစ်အရွယ် အမျိုးသား ဖြစ်ကာ ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနက ပြီးခဲ့သည့် ဇွန်လ ၂ ရက်တွင် ပိုးတွေ့ အတည်ပြုလူနာ အဖြစ် အတည်ပြု
ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ဇွန်လ ၃ ရက်မှ ယနေ့ ဇွန်လ ၂၄ ရက်ထိ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင်
တက်ရောက်ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။
.
ထို့အတူ မူဆယ်ဆေးရုံ၌
ဆေးကုသမှု ခံယူခဲ့သည့် လူနာအမှတ်(၂၃၁)၏ ဓါတ်ခွဲနမူနာတွင်လည်း ၂ ကြိမ် ဆက် ပိုး မတွေ့ရတော့သဖြင့်
Hospital Quarantine ဝင်နေကြောင်း သိရသည်။
No comments:
Post a Comment