ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ ရခိုင်ပြည်နယ်နေ အမျိုးသမီးတစ်ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

Tuesday, June 23, 2020

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ ရခိုင်ပြည်နယ်နေ အမျိုးသမီးတစ်ဦးတွင် COVID-19 ပိုးတွေ့

ကမ္ဘောဇတိုင်း
.
ဘင်္ဂဘားဒေ့ရှ်နိုင်ငံမှ ပြန်လာသူ အမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇွန်လ ၂၃ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
 
.
အဆိုပါ COVID-19 ပိုးတွေ့အတည်ပြုလူနာ အမှတ် (၂၉၁) သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နေ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူတစ်ဦး ဖြစ် ကြောင်း သိရသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန်လ ၂၂ ရက် ဓါတ်ခွဲစစ်ဆေးမှုအဖြစ် အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ပထမအသုတ်နှင့် ဒုတိယ အသုတ် ဓါတ်ခွဲနမူနာ ၁၀၅၈ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၉၉ ခု၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၂၈၀ ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ကုတင် - ၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၂၅၂ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁၇၈၉ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယနေ့ ဇွန်လ ၂၃ ရက်၊ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓါတ်ခွဲ အတည်ပြုလူနာ ၂၉၁ ဦးရှိလာပြီဖြစ်ပြီး ၎င်းတို့အနက် ၂၀၀ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကာ ဓါတ်ခွဲ အတည်ပြုလူနာများအနက် သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)