အိန္ဒိယနိုင်ငံမှ ပြန်လာသူ အမျိုးသမီးတစ်ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အိန္ဒိယနိုင်ငံမှ ပြန်လာသူ အမျိုးသမီးတစ်ဦးတွင် COVID-19 ပိုးတွေ့

ကမ္ဘောဇတိုင်း

.

အိန္ဒိယနိုင်ငံမှ ပြန်လာသူ ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့နယ်နေ အမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇွန်လ ၁၂ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက် အရ သိရသည်။

.

.

အဆိုပါ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာသည် သံလျင်မြို့နယ်နေ အသက် ၆၀ အရွယ် အမျိုးသမီးဖြစ်ပြီး တောင်ဒဂုံမြို့နယ်တွင် အသွားအလာ‌ စောင့်ကြည့်ကန့်သတ်ထားသူဖြစ်ကာ ၎င်းကို တောင်ဥက္ကလာပ အထူးကု ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေမည်ဖြစ်ကြောင်း သိရသည်။

.

ဇွန်လ ၁၁ ရက်၊ ညပိုင်းက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ ၆၅၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ ၉၈ ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၁၄၈ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၈၉၉ ခုအား စစ်ဆေးခဲ့ရာ ဓါတ်ခွဲအတည်ပြုလူနာအသစ် တစ်ဦး တွေ့ရှိခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ ဇွန်လ ၁၂ ရက်နံနက် ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၆ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၁၆၅ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ ၇ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats