အိန္ဒိယပြန် တပ်မတော်သားတစ်ဦးတွင် COVID-19 ပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အိန္ဒိယပြန် တပ်မတော်သားတစ်ဦးတွင် COVID-19 ပိုး တွေ့ရှိ


ကမ္ဘောဇတိုင်း
.
အိန္ဒိယနိုင်ငံတွင် သင်တန်းတက်ရောက်ရာမှ ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သားတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ ဇွန်လ ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည် ဟု သိရသည်။
.
 
.
အိန္ဒိယနိုင်ငံတွင် သင်တန်းတက်ရောက်ပြီး မေလ ၂၄ ရက်က မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ပြန်လည် ရောက်ရှိလာသည့် တပ်မတော်သား ၁၈ ဦးအား ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အသွားအလာ ကန့်သတ် သီးခြားစောင့်ကြည့်၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကို ၃ ကြိမ်မြောက်အဖြစ် စစ်ဆေးခဲ့ရာ အရာရှိတစ်ဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အိန္ဒိယနိုင်ငံမှ ပြန်လာသည့် တပ်မတော်သား ၁၈ ဦးတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များရယူ၍ ကြိမ်စစ်ဆေးခဲ့ရာ အရာရှိ၊ စစ်သည် ၁၈ ဦး အနက် ၄ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရ၍ ကုသပေးလျက်ရှိပြီး ၎င်းတို့နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကာ ကျန် Quarantine ဝင်ရောက်နေသူများအား ဇွန်လ ၈ ရက်က တတိယအကြိမ်အဖြစ် မင်္ဂလာဒုံမြို့နယ်ရှိ၊ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ PCR (Polymerase Chain Reaction) နည်းဖြင့် တတိယအကြိမ် ထပ်မံစစ်ဆေးဆောင်ရွက်ခဲ့ရာ အရာရှိ ၁ ဦး ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရောဂါပိုးတွေ့ရှိရသူအား တပ်မတော်က COVID-19 ရောဂါအထူးကုသရန် ကြိုတင်စီစဉ်ထားသည့် တပ်မတော် အသည်းရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ကုသမှုခံယူစေလျက် ရှိကြောင်းနှင့် ၎င်း၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ၎င်းနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats