ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ဘင်္ဂလားဒေ့ရှ်ပြန် အမျိုးသားတစ်ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, June 8, 2020

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ဘင်္ဂလားဒေ့ရှ်ပြန် အမျိုးသားတစ်ဦးတွင် COVID-19 ပိုးတွေ့


ကမ္ဘောဇတိုင်း
.
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူ အမျိုးသားတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇွန်လ ၈ ရက်၊ ည ၈ နာရီအချိန် ထုတ်ပြန်ချက် များအရ သိရသည်။
.
.
အဆိုပါ အမျိုးသားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး မောင်တောမြို့နယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူတစ်ဦးဖြစ်ကာ မောင်တောခရိုင်ဆေးရုံကြီး၌ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ယနေ့ ဇွန်လ ၈ ရက်နေ့အတွက် COVID-19 ရောဂါ ဓါတ်ခွဲစမ်းသပ်မှု အနေဖြင့် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၄၄၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၀၁ ခု နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - MDY) မှ ဓာတ်ခွဲနမူနာ ၁၆၉ ခု၊ စုစုပေါင်း ဓါတ်ခွဲနမူနာ ၈၁၆ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဇွန်လ ၈ ရက်၊ ညပိုင်းအထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၄၄ ဦး ရှိပြီး ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၁၅၉ ဦး ရှိကာ ၁၃၈ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုထားပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats