ကမ္ဘောဇတိုင်း
.
ရန်ကုန်တိုင်းဒေသကြီး၊
သင်္ဃန်းကျွန်းမြို့နယ်နေ အီတလီနိုင်ငံမှ ပြန်လာသူ အမျိုးသားတစ်ဦးထံတွင် COVID-19 ရောဂါပိုး
တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇွန်လ ၈ ရက်၊ နံနက် ၈ နာရီအချိန်
ထုတ်ပြန်ချက်အရ သိရသည်။
.
.
အဆိုပါ ပိုးတွေ့လူနာသည်
အီတလီနိုင်ငံမှ ပြန်လာသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး၊
လှိုင်မြို့နယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
ဇွန်လ ၇ ရက်၊ ညပိုင်းက
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ဒုတိယအသုတ်)
ဓာတ်ခွဲနမူနာ ၅၆၃ ခု၊
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၂၅၅ ခု
နှင့် ရန်ကုန်မြို့၊
အမှတ်(၁) တပ်မတော် ဆေးရုံကြီး၊ ခုတင် (၁၀၀၀)မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၇၉ ခု၊
စုစုပေါင်း ဓါတ်ခွဲနမူနာ ၈၉၇ အား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၄၃ ဦး
ရှိလာပြီး ပြန်လာသက်သာလာသူ ၁၅၆ ဦးနှင့် သေဆုံးသူ ၆ ဦး ရှိကြောင်း သိရသည်။
.
No comments:
Post a Comment